Saturday, 22 January 2011

ဒိဝါ တပတိ အာဒိစ္စော ဂါထာ


ဂါထာဖြစ်ပေါ်လာပုံ

အရှင်အာနန္ဒာမထေရ်က မြတ်စွာဘုရားရှင်၏ အသရေတော်ကို နေရောင်၊ လရောင်၊ ဈာန်ဝင်စားနေသူ၏ ကိုယ်ရောင်၊ ကောသလမင်းကြီး၏ တင့်တယ်သော အသရေတို့ဖြင့် နိုင်းယှဉ်ပြီး ချီးကျူးလျှောက်ကြားတော်မူသောအခါ မြတ်စွာဘုရားရှင်က “ဒိဝါ တပတိ” အစရှိသော ဤဂါထာတော်ကို ဟောကြားတော်မူခဲ့ပါသည်။

ပါဠိ

ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။

သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယိ တပတိ ဗြဟ္မဏော။

အထ သဗ္ဗမဟာမဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။


မြန်မာပြန်

နေမင်းသည် နေ့အခါ၌သာ ထွန်းလင်းတောက်ပနိုင်၏။ လမင်းသည် ညဉ့်အခါ၌သာ ထွန်းလင်းတောက်ပနိုင်၏။ မင်းသည် မင်းမြောက်တန်ဆာ ငါးပါး ၀တ်ဆင်မှသာလျှင် တင့်တယ်၏။ ရဟန္တာသည် ဈာန်ဝင်စားနေမှသာလျှင် တင့်တယ် တောက်ပ၏။ စင်စစ်သော်ကား မြတ်စွာဘုရားသည်သာလျှင် အလုံးစုံသော နေ့ညဉ့်ပတ်လုံး တန်ခိုးတော်ဖြင့် တင့်တယ် တောက်ပတော် မူပါပေ၏။

No comments:

Post a Comment