ပါဠိ
(၁) ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။
(၂) ဗုဒ္ဓါနံ သဗ္ဗညုတညာဏဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။
(၃) ဗုဒ္ဓါနံ ဥဒ္ဒိဿ အဘိဟဋာနံ စတုန္နံ ပစ္စယာနံ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။
(၄) ဗုဒ္ဓါနံ ဒွတ္တိံသမဟာပုရိသလက္ခဏာနံ အသီတိယာ အနုဗျဉ္ဇနာနံ ဗျာမပ္ပဘာယ ၀ါ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။
မြန်မာပြန်
(၁) ဘုရားရှင်တို့ အသက်တော်ကို မည်သူကမျှ အန္တရာယ်မပြုနိုင်သကဲ့သို့၊ ထို့အတူ အကျွန်ုပ်၏ အသက်ကိုလည်း မည်သူကမျှ အန္တရာယ် မပြုနိုင်ပါစေသတည်း။
(၂) ဘုရားရှင်တို့ သဗ္ဗညုတဉာဏ်တော်ကို မည်သူကမျှ အန္တရာယ်မပြုနိုင် သကဲ့သို့၊ ထို့အတူ အကျွန်ုပ်၏ အသိဉာဏ်ကိုလည်း မည်သူကမျှ အန္တရာယ် မပြုနိုင်ပါစေသတည်း။
(၃) ဘုရားရှင်တို့အား လှူဒါန်း ရည်ရွယ်ထားသော ပစ္စည်းလေးပါးတို့ကို မည်သူကမျှ အန္တရာယ် မပြုနိုင်သကဲ့သို့၊ ထို့အတူ အကျွန်ုပ်၏ စည်းစိမ် ဥစ္စာကိုလည်း မည်သူကမျှ အန္တရာယ် မပြုနိုင်ပါစေသတည်း။
(၄) ဘုရားရှင်တို့၏ လက္ခဏာတော်ကြီးငယ် အသွယ်သွယ်နှင့် တင့်တယ်လှပသော ကိုယ်တော်ရောင်တို့ကို မည်သူကမျှ အန္တရာယ် မပြုနိုင် သကဲ့သို့၊ ထို့အတူ အကျွန်ုပ်၏ လှပတင့်တယ်မူ ဂုဏ်ကျက်သရေ အထွေထွေတို့ကိုလည်း မည်သူကမျှ အန္တရာယ် မပြုနိုင်ပါစေသတည်း။
No comments:
Post a Comment