ပါဠိ
(၁) အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊
(၂) အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊
(၃) ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ။
ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော -
(၄) သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊
(၅) သဗ္ဗံ ၀စီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊
(၆) သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊
ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နဂတဿ ဗုဒ္ဓဿ ဘဂ၀တော -
(၇) နတ္ထိ ဆန္ဒဿ ဟာနိ၊
(၈) နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊
(၉) နတ္ထိ ၀ီရိယဿ ဟာနိ၊
(၁၀) နတ္ထိ သမာဓိဿ ဟာနိ၊
(၁၁) နတ္ထိ ပညာယ ဟာနိ၊
(၁၂) နတ္ထိ ၀ိမုတ္တိယာ ဟာနိ၊
ဣမေဟိ ဒွါဒဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော -
(၁၃) နတ္ထိ ဒ၀ါ၊
(၁၄) နတ္ထိ ရ၀ါ၊
(၁၅) နတ္ထိ အဖုဋံ၊
(၁၆) နတ္ထိ ဝေဂါယိတတ္ထံ၊
(၁၇) နတ္ထိ အဗျာဝဋမနော၊
(၁၈) နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာ၊
ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။
မြန်မာပြန်
(၁) ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ဉာဏ်တော်သည် အတိတ်ကာလ၌ အပိတ်အပင် အတားအဆီးမရှိ။
(၂) ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ဉာဏ်တော်သည် အနာဂတ်ကာလ၌ အပိတ်အပင် အတားအဆီးမရှိ။
(၃) ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ဉာဏ်တော်သည် ပစ္စုပ္ပန်ကာလ၌ အပိတ်အပင် အတားအဆီးမရှိ။
ဤဂုဏ်တော်(၃)ပါးတို့နှင့် ပြည့်စုံတော်မူသော ဘုန်းတော်သခင် မြတ်စွာဘုရားရှင်၏ -
(၄) ကာယကံမူ အားလုံးသည် ဉာဏ်တော်ပြဋ္ဌာန်း၏၊ ဉာဏ်တော်နှင့် အမြဲ ယှဉ်၏။
(၅) ၀စီကံမူ အားလုံးသည် ဉာဏ်တော်ပြဋ္ဌာန်း၏၊ ဉာဏ်တော်နှင့် အမြဲ ယှဉ်၏။
(၆) မနောကံမူ အားလုံးသည် ဉာဏ်တော်ပြဋ္ဌာန်း၏၊ ဉာဏ်တော်နှင့် အမြဲ ယှဉ်၏။
ဤဂုဏ်တော်(၆)ပါးတို့နှင့် ပြည့်စုံတော်မူသော ဘုန်းတော်သခင် မြတ်စွာဘုရားရှင်အား -
(၇) သတ္တ၀ါတို့အား တရားဟောပြောလိုသော ဆန္ဒတော်သည် ဆုတ်ယုတ်ခြင်းမရှိ။
(၈) တရားဟောပြောခြင်း၏ ဆုတ်ယုတ်ခြင်းမရှိ။
(၉) ၀ီရိယတော်၏ ဆုတ်ယုတ်ခြင်းမရှိ။
(၁၀) သမာဓိတရား၏ ဆုတ်ယုတ်ခြင်းမရှိ။
(၁၁) ပညာတရား၏ ဆုတ်ယုတ်ခြင်းမရှိ။
(၁၂) အရဟတ္တဖိုလ်(ဖလသမာပတ်) ၀င်စားခြင်းမှ ဆုတ်ယုတ်ခြင်းမရှိ။
ဤ ဂုဏ်တော်(၁၂)ပါးတို့နှင့် ပြည့်စုံတော်မူသော - ဘုန်းတော်သခင် မြတ်စွာဘုရားရှင်အား -
(၁၃) ရယ်မြူးလို၍ ပြုမူ ပြောဆိုခြင်းမရှိ။
(၁၄) သတိလွတ်ကင်း ချွတ်ယွင်းစွာ ပြုလုပ်ပြောဆိုခြင်းမရှိ။
(၁၅) ဉာဏ်တော်ဖြင့် မတွေ့ထိ မသိအပ်သော အရာမည်သည်မရှိ။
(၁၆) ဉာဏ်တော်ဖြင့် မဆင်မခြင်ဘဲ အဆောတလျင်ပြုသော အမူကိစ္စသည်မရှိ။
(၁၇) ကြောင့်ကြမဲ့ဖြစ်သော စိတ်နှလုံးတော်မရှိ။
(၁၈) ဉာဏ်တော်ဖြင့် မဆင်ခြင်နိုင်၍ လျစ်လျူရူရသော အရာဟူ၍မရှိ။
ဤ(၁၈)ပါး မြတ်တရားတို့နှင့် ပြည့်စုံတော်မူသော ဘုန်းတော်ခြောက်ပါးသခင် မြတ်စွာဘုရားရှင်အား လည်းကောင်း၊ ၀ိပဿီ စသော ပွင့်တော်မူပြီးသော ဘုရား(၇)ဆူတို့အား လည်းကောင်း၊ ရှိခိုးပါ၏ဘုရား။
No comments:
Post a Comment