Friday, 7 January 2011

သီလထက် ဘာဝနာက ပို၍ အကျိုးကြီးပုံ


သီလသည် ကာယကံ၊ ၀စီကံ တို့ကို စောင့်ထိန်းရသော ကျင့်ဝတ်ဖြစ်သည်။ မနောကံသည် ကံသုံးပါးတို့တွင် အကျိုးအကြီးဆုံး၊ အပြစ်အကြီးဆုံးဖြစ်၍ မနောကံကို တည်ငြိမ်အောင် ပွားများစောင့်ထိန်းရသော ဘာဝနာမှာ သီလထက် ပို၍ အကျိုးကြီးသည်။ နံ့သာတစ်ရှူ၊ နို့တစ်ညှစ်စာမျှ မေတ္တာဘာဝနာ ပွားများရခြင်းက သီလထက် ပို၍ အကျိုးကြီးသည်။ လက်ဖျစ်တစ်တွက်စာမျှ အနိစ္စသညာ - (အမြဲမရှိဟု အဖန်ဖန်အောက်မေ့ခြင်း) ဘာဝနာက မေတ္တာဘာဝနာထက် ပို၍ အကျိုးကြီးသည်။

ဤသို့လျှင် ဒါန၊ သီလ၊ ဘာဝနာ ဤသုံးဖြာသည် တဆင့်ထက် တဆင့် ပိုမို မြင့်မြတ်သော အကျိုးတရားများကို ပေးစွမ်းနိုင်သဖြင့် သူတော်ကောင်းတို့သည် ဒါန၊ သီလ၊ ဘာဝနာ လုပ်ငန်းများကို အစဉ်မပြတ် အားထုတ်ရပေမည်။

No comments:

Post a Comment