Friday, 7 January 2011

ဒါနထက် သီလက ပို၍ အကျိုးကြီးပုံ


အလှူဒါနသည် အကျိုးကြီးစွာပေးတတ်သည် မှန်သော်လည်း သီလကမူ ထိုဒါနထက် ပို၍ အကျိုးကြီးသည်။ ပုဂ္ဂိုလ်တစ်ယောက်သည် သူတပါးကို လှူဒါန်းသည်ထက် မိမိကိုယ်တိုင် ကြည်ညိုသောစိတ်ဖြင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်(သရဏဂုံတည်) သည်က ပို၍ အကျိုးကြီးသည်။ ထိုသရဏဂုံတည်ရုံမျှထက် သရဏဂုံတည်ပြီး ငါးပါးသီလသိက္ခာပုဒ် တို့ကို ကျင့်သုံးဆောက်တည်သော သရဏဂုံသီလနှင့် ပြည့်စုံသူက ပို၍ အကျိုးကြီးသည်။

No comments:

Post a Comment