မကြားဝံ့ မနာသာ အယုတ်တမာ ဆဲဆိုမူ၊ ကျွဲခတ်၍ သေပါစေ၊ ကားတိုက်၍ သေပါစေ၊ လောင်မီးကျပါစေ၊ မိုးကြိုးခပါစေ၊ ယုတ်ညံ့သော အင်္ဂါနှင့်တိုင်းပြီး ပြောဆိုခြင်း ကျိန်ဆဲခြင်းတိုပသည် ဖရုသ၀ါစာ မည်ပါသည်။
ဖရုသ၀ါစာ မြောက်ရန် အင်္ဂါ
(၁) အဆဲခံရသူရှိခြင်း၊
(၂) အမျက်ထွက် စိတ်ဆိုးခြင်း၊
(၃) ဆဲရေးခြင်း။
ဖရုသ၀ါစာ အပြစ်များ
ကြမ်းကြုတ်သော စကားကို ဆိုသောသူသည် သေသည်၏ အခြားမဲ့၌ အပါယ်လေးပါး၌ ဆင်းရဲစွာ ခံစားရသည်။ အပါယ်လေးပါးမှ လွတ်မြောက်ပြီးနောက် လူ့ဘ၀ရောက်သောအခါတွင်လည်း အောက်ပါ ဆိုးကျိုးများ ခံစားရပါသည် -
(၁) မနှစ်သက်သော အသံကို ကြားရခြင်း၊
(၂) အများအမုန်းခံရခြင်း၊
(၃) ကဲ့ရဲ့ပြစ်တင်ခံရခြင်း၊
(၄) ဆင်းဆင်းရဲရဲ နေထိုင်ရခြင်း၊
(၅) သာယာနာပျော်ဖွယ်သော အသံမရှိခြင်း၊
(၆) အလုံးစုံသော အသံအင်္ဂါပျက်စီးခြင်း(ဆွံ့အခြင်း)။
ဖရသ၀ါစာ ရှောင်ကြဉ်ရကျိုး
မကြားဝံ့ မနာသာ ကြမ်းကြုတ်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်သည် ဖြစ်လေရာဘ၀တိုင်း၌ အောက်ပါ ကောင်းကျိုးများကို ခံစားရပါသည် -
(၁) လူ သတ္တ၀ါများ၏ ချစ်ခင်မူ ခံရခြင်း၊
(၂) လူ သတ္တ၀ါတို့၏ စိတ်နှလုံးကို နှစ်သက်စေနိုင်ခြင်း၊
(၃) ချမ်းသာစွာ နေရခြင်း၊
(၄) သာယာနာပျော်ဖွယ်သော စကားရှိခြင်း၊
(၅) လူအများ ချီးမွမ်းခံရခြင်း၊
(၆) အင်္ဂါရှစ်ပါးရှိသော အသံနှင့် ပြည့်စုံရခြင်း။ တို့ဖြစ်သည်။
Hello there !
ReplyDeleteI invite you to visit my blog , you are always welcome.
ReplyDeletepls let me share at my facebook
ReplyDelete