ရဟန်းတို့ !
သင်တို့ ရင့်ကျက်သော ပညာ, သတိ လက်ကိုင်ပြုကာ ကိလေသာကင်းသော အရတ္တဖိုလ် သမာဓိကို ပွါးများကြလော့။
ယင်းသမာဓိကို ပွါးများသူတို့သန္တာန်မှာ -
ဆိုလတံ့သော ပစ္စဝေက္ခဏာ ဉာဏ် ၅-မျိုး ဖြစ်ပေါ်လာကြသည်။ (ပစ္စဝေက္ခဏာ - ပြန်လည်ဆင်ခြင်သော)
ယင်း ၅-မျိုးမှာ -
ဤ သမာဓိသည် -
၁။ ခုရော နောင်ပါ ချမ်းသာစေနိုင်သည် ဟု သိသော ဉာဏ်။
၂။ မွန်မြတ် ဖြူစင်သည်ဖြစ်၍ တဏှာနှင့် တဏှာ၏ အာရုံ ခန္ဓာပါမရှို သိသော ဉာဏ်။
၃။ သူမြတ်တို့သာ မှီဝဲသည် ဟုသိသော ဉာဏ်။
၎။ ငြိမ်သက်သည်၊ မွန်မြတ်သည်၊ ကိလေသာ အပူငြိမ်းခြင်းကြောင့်ရသော တရားဖြစ်သည်၊ ဧကဂ္ဂတာဖြင့် ရအပ်ရောက်အပ်သော တရားဖြစ်သည်၊ နီဝရဏကိလေသာတို့ကို လုံ့လစိုက်ထုတ် နှိပ်ကွပ် တားဆီးမူ မပြုရဘဲ အရဟတ္တမဂ်၏ အဆုံးနှင့် ဖလသမာပတ် ၀င်စားရာခဏ၌ လွယ်ကူစွာ ဖြစ်ပေါ်လာရသော တရားဖြစ်သည် ဟု သိသော ဉာဏ်။
၅။ မိမိ၏ သမာပတ်ဝင်စားမူ ထမူ၌လည်း သတိမလွတ်ဟု သိသော ဉာဏ်။
ဆောင် - ခု, နောင် ချမ်းသာ၊ ဖြူစွာ မြင့်မြတ်၊ သူမြတ်မှီဝဲ၊ လွန်ကဲ ငြိမ်သက်၊ မပျက် သတိ၊ ငါးဉာဏ်ရှိ၊ သမာဓိပွါးသူမှာ။
သတ္တမသုတ် ပြီး၏။
No comments:
Post a Comment