ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသာ ရဟန်းသည် မိမိအစီးအပွါးအလို့ငှာလည်း မကျင့်၊ သူတပါး အစီးအပွါးအလို့ငှါလည်း မကျင့်။
ယင်း ၅-မျိုးမှာ -
ဤသာသနာတော်၌ ရဟန်းသည် -
၁။ မိမိလည်း သီလနှင့် မပြည့်စုံ၊
သူတပါးကိုလည်း သီလနှင့် ပြည့်စုံစေရန် မဆောက်တည်စေ။
၂။ မိမိလည်း သမာဓိနှင့် မပြည့်စုံ၊
သူတပါးကိုလည်း သမာဓိနှင့် ပြည့်စုံစေရန် မဆောက်တည်စေ။
၃။ မိမိလည်း ပညာနှင့် မပြည့်စုံ၊
သူတပါးကိုလည်း ပညာနှင့် ပြည့်စုံစေရန် မဆောက်တည်စေ။
၎။ မိမိလည်း ၀ိမုတ္တိနှင့် မပြည့်စုံ၊
သူတပါးကိုလည်း ၀ိမုတ္တိနှင့် ပြည့်စုံစေရန် မဆောက်တည်စေ။
၅။ မိမိလည်း ပစ္စဝေက္ခဏာဉာဏ်အမြင်နှင့် မပြည့်စုံ၊
သူတပါးကိုလည်း ထိုဉာဏ်အမြင်နှင့် ပြည့်စုံစေရန် မဆောက်တည်စေ။
ဆောင် - သီလ, သမာ၊ ပညာ, ၀ိမုတ္တိဉာ၊ ဤငါးဖြာကို၊ ကိုယ်, သူတပါး၊ မကျင့်ငြား မကျင့်စေ၊ နှစ်ထွေ ယုတ်မူ၊ ထိုသည့်သူ၊ စွဲယူ ကိုယ်ကျိုးသူကျိုး နှစ်မျိုး မကျင့်သူမှတ်။
မှတ်ချက် - ဤသုတ်၌ ဒုဿီလ အပ္ပဿုတ (ကိုယ်တိုင်လည်း သီလမရှိ သူတပါးအတွက် ဖြန့်ဝေနိုင်လောက်သည့် ဗဟုသုတမရှိသူ) ကို ရည်ရွယ်၍ ဟောသည်။
န၀မသုတ် ပြီး၏။
No comments:
Post a Comment