ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသော ရဟန်းသည် သူတပါးအစီးအပွါးအလို့ငှါ ကျင့်သည်။ မိမိအစီးအပွါးအလို့ငှါ မကျင့်။
ယင်း ၅-မျိုးမှာ - ဤသာသနာတော်၌ ရဟန်းသည်-
၁။ မိမိကား သီလနှင့် မပြည့်စုံ၊
သူတပါးကိုမူ သီလနှင့် ပြည့်စုံစေရန် ဆောက်တည်စေသည်။
၂။ မိမိကား သမာဓိနှင့် မပြည့်စုံ၊
သူတပါးကား သမာဓိနှင့် ပြည့်စုံစေရန် ဆောက်တည်စေသည်။
၃။ မိမိကား ပညာနှင့် မပြည့်စုံ၊
သူတပါးကိုမူ ပညာနှင့် ပြည့်စုံစေရန် ဆောက်တည်စေသည်။
၎။ မိမိကား ၀ိမုတ္တိနှင့် မပြည့်စုံ၊
သူတပါးကိုမူ ၀ိမုတ္တိနှင့် ပြည့်စုံစေရန် ဆောက်တည်စေသည်။
၅။ မိမိကား ပစ္စဝေက္ခဏာဉာဏ်အမြင်နှင့် မပြည့်စုံ၊
သူတပါးကိုမူ ထိုဉာဏ်အမြင်နှင့် ပြည့်စုံစေရန် ဆောက်တည်စေသည်။
ဆောင် - သီလ, သမာ၊ ပညာ, ၀ိမုတ္တိဉာ၊ ဤငါးဖြာကို၊ မိမိမှာကျင့်၊ တစ်ဆင့် သူတပါး၊ ကျင့်စေငြားမူ၊ ထိုသည့်သူ၊ စွဲယူ သူကျိုးသာ ကျင့်၊ ကိုယ်ကျိုး မကျင့်မှတ်။
မှတ်ချက် - ဤသုတ်၌ ဒုဿီလ အပ္ပဿုတ(ကိုယ်တိုင်လည်း သီလမရှိဘဲ သူတပါးအတွက် ဖြန့်ဝေနိုင်လောက်သည့် ဗဟုသုတရှိသူ) ကို ရည်ရွယ်၍ ဟောသည်။
အဋ္ဌမသုတ် ပြီး၏။
No comments:
Post a Comment