ရဟန်းတို့ ! ကာလဒါနတို့သည် ဤ ၅-မျိုးတည်း။
၁။ ဧည့်သည် အာဂန္တုအား ပေးလှူခြင်း၊
၂။ ခရီးသည်အား ပေးလှူခြင်း၊
၃။ လူနာအား ပေးလှူခြင်း၊
၎။ ငတ်မွတ်ခေါင်းပါးသောအခါ၌ ပေးလှူခြင်း၊
၅။ ကောက်ဦး, သစ်သီးဦးတို့ကို သီလရှိသူတို့အား ရှေးဦးစွာ ပေးလှူခြင်းတို့တည်း။
ဤသို့ မိန့်တော်မူပြီး ပါဠိကဗျာ ဂါထာဖြင့် မိန့်တော်မူပြန်သည်မှာ -
“အလှူခံ၏ စကားကို သိတတ်၍ နှမြောတွန့်တိုမူကင်းသည့် ပညာရှိတို့သည် သင့်တင့်လျောက်ပတ်သော အခါ၌ ပေးလှူကြသည်၊ ဖြူစင်ဖြောင့်မတ်သည့် တာဒိဂုဏ်ရှိသူတို့၌ အလွန်ကြည်လင်သည့် စိတ်ထားဖြင့် ပေးလှူကြသည်၊ ထိုပုဂ္ဂိုလ်၏ အလှူသည် ပြန့်ပြောသည်။
အခြားသူတို့လည်း ၀မ်းမြောက်ဝမ်းသာာ ဝေယျာဝစ္စကို ပြုနိုင်ကြခြင်းကြောင့် အလှူသည် ယုတ်လျော့မသွားသည့်အပြင် ထိုဝမ်းမြောက်သူ ဝေယျာဝစ္စပြုသုတို့သည်လည်း ကုသိုလ်၏ အဖို့အစုကို ရကြသည်။
ထို့ကြောင့် နှမြောတွန့်တိုခြင်းကင်းသည့် စိတ်ရှိသူသည် ပေးလှူသောအခါ အကျိုးကြီးနိုင်မည့် ပုဂ္ဂိုလ်၌ ပေးလှူရမည်၊ ကောင်းမူများသည် တမလွန်ဘ၀၌ သတ္တ၀ါတို့၏ ထောက်တည်ရာ ဖြစ်ကြသည်။”
ဆောင် - ဧည့်သည်, ခရီးသွား၊ လူနားများနှင့်၊ ခေါင်းပါးရာ ခါ၊ သီးဦးခါဟု၊ ဤငါးခု၊ မှတ်ရူ ကာလဒါနများ။
လှူဒါန်းသမူ၊ အကြောင်းပြ၍၊ မှတ်ရူ ၀မ်းသာ၊ ဝေယျာဝစ္စ၊ ပြုနိုင်ကြငြား၊ အခြားသူငါ၊ ကုသိုလ်ပါ၊ သေချာ မှတ်ကြကုန်။
ဆဋ္ဌသုတ် ပြီး၏။
No comments:
Post a Comment