Monday, 14 March 2011

၇။ ဣဿုကီသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရန်းမသည် ဆောင်ယူချထားသည်နှင့် မခြား အလားတူစွာ ငရဲ၌ ဖြစ်ရသည်။

ယင်း ၅-မျိုးမှာ -

၁။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် မစိစစ်ဘဲ

မချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်းပြောဆိုသည်။


၂။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် မစိစစ်ဘဲ

ချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြောဆိုသည်။


၃။ မနာလို ၀န်တိုတတ်သည်။

၎။ နှမြော တွန့်တိုတတ်သည်။

၅။ သဒ္ဓါတရားဖြင့် လှူထားသော ပစ္စည်းကို ဖျက်ဆီးသည်။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည် ရဟန်းမသည် ဆောင်ယူချထားသည်နှင့် မခြား အလားတူစွာ နတ်ပြည်၌ ဖြစ်ရသည်။

ယင်း ၅-မျိုးမှာ -

၁။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် စိစစ်၍

မချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြောဆိုသည်။


၂။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် စိစစ်၍

ချီးမွမ်းတိုက်သူ၏ ဂုဏ်ကို ချီးမွမ်းပြောဆိုသည်။


၃။ မနာလို ၀န်တိုမူကို မပြုတတ်၊ (သူများ ကြီးပွါးသည်ကို ကြည်ဖြူ ၀မ်းမြောက်သည်)။

၎။ နှမြောတွန့်တိုမူကို မပြုတတ်၊ (ပေးကမ်းမူ၌ ရက်ရောသည်)။

၅။ သဒ္ဓါတရားဖြင့် လှူထားသော ပစ္စည်းကို မဖျက်ဆီး။

ဆောင် - မချီးမွမ်းအပ်၊ ချီးမွမ်းတတ်နှင့်၊ ချီးအပ်သူကို၊ ကဲ့ရဲ့ဆိုကာ၊ မနာလိုတတ်၊ တွန့်တိုတတ်နှင့် လှူအပ် ပစ္စည်း၊ ဖျက်ဆီးလေက၊ ရဟန်းမ၊ မုချ ငရဲ သူ့တွက်ပဲ။

သတ္တမသုတ် ပြီး၏။

No comments:

Post a Comment