ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းမသည် ဆောင်ယူချထားသည်နှင့် မခြား အလားတူစွာ ငရဲ၌ ဖြစ်ရသည်။
ယင်း ၅-မျိုးမှာ -
၁။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် မစိစစ်ဘဲ
မချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်းပြောဆိုသည်။
၂။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် မစိစစ်ဘဲ
ချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြောဆိုသည်။
၃။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် မစိစစ်ဘဲ
မကြည်ညိုသင့်သော အရာ၌ ကြည်ညိုသည်။
၎။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် မစိစစ်ဘဲ
ကြည်ညိုသင့်သော အရာ၌ မကြည်ညို။
၅။ သဒ္ဓါတရားဖြင့် လှူထားသော ပစ္စည်းကို ဖျက်ဆီးသည်။
ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းမသည် ဆောင်ယူချထားသည်နှင့် မခြား အလားတူစွာ နတ်ပြည်၌ ဖြစ်ရသည်။
ယင်း ၅-မျိုးမှာ -
၁။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် စိစစ်၍
မချီးမွမ်းထိုက်သူ၏ ကျေးဇူးမဲ့ကို ကဲ့ရဲ့ပြောဆိုသည်။
၂။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် စိစစ်၍
ချီးမွမ်းထိုက်သူ၏ ဂုဏ်ကို ချီးမွမ်းပြောဆိုသည်။
၃။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် စိစစ်၍
မကြည်ညိုသင့်သော အရာ၌ မကြည်ညို။
၎။ ဉာဏ်ဖြင့် ထဲထဲဝင်ဝင် စိစစ်၍
ကြည်ညိုသင့်သော အရာ၌ ကြည်ညိုသည်။
၅။ သဒ္ဓါတရားဖြင့် လှူထားသော ပစ္စည်းကို မဖျက်ဆီး။
ဆောင် - မချီးမွမ်းအပ်၊ ချီးမွမ်းတတ်နှင့်၊ ချီးအပ်သူကို၊ ကဲ့ရဲ့ဆိုပြန်၊ အကြည်ညိုတန်၊ ကြည်ညိုပြန်လတ်၊ ကြည်ညိုအပ်သူ၊ သူ ငြူစူ၏၊ လှူသည့် ပစ္စည်း၊ ဖျက်ဆီးလေက၊ ရဟန်းမ၊ မုချ ငရဲ သူ့တွက်ပဲ။
ဆဋ္ဌသုတ် ပြီး၏။
No comments:
Post a Comment