Friday, 24 June 2011

တံဆိပ်ခေါင်းတွေကို ဘယ်အခါက စသုံးခဲ့ကြသလဲ?

ကော်ကပ်တံဆိပ်ခေါင်းများကို ၁၈၄၀ပြည့်နှစ် ဗြိတိန်နိုင်ငံ၌ စတင်အသုံးပြုသည်။ တံဆိပ်ခေါင်းများကြောင့် စာများပေးပို့ရာတွင် ဈေးသက်သာပြီး လွယ်ကူလာခဲ့သည်။

၁၈၀၀ ပြည့်လွန်နှစ် စောစောပိုင်းတွင် ရိုလင့်ဒ်ဟီးလ်ဆိုသူက အခကြေးငွေ သတ်မှတ်ပြီး ရပ်ဝေးဒေသသို့ စာများပို့နိုင်လျှင် အချိန်ကုန်သက်သာမည်ဟု တွက်မိသည်။

၁၈၄၀ ပြည့်နှစ်တွင် တစ်ပဲနိ စာပို့စနစ် ပထမဆုံး အသုံးပြုသည်။ စာပို့နည်းမှာ လွယ်ကူလှသည်။ စာပို့လိုသူက တံဆိပ်ခေါင်းကလေးတစ်ခု ၀ယ်ပြီး စာအိတ်ပေါ်ကပ်ပေး လိုက်ရုံသာ ဖြစ်သည်။

No comments:

Post a Comment