ဘုရင်များချိုင့်ဝှမ်း The Valley of the Kings သည် အီဂျစ်နိုင်ငံ တောင်ပိုင်း နိုင်းလ်မြစ် အနောက်ဘက်ကမ်း ကျောက်ကမ်းပါးကျဉ်း ဒေသတစ်ခုဖြစ်သည်။ ရှေးခေတ် အီဂျစ်လူမျိုးများသည် မိမိတို့ ဘုရင်များစွာကို အဆိုပါ ချိုင့်ဝှမ်းကြီးအတွင်း မြုပ်နှံခဲ့ကြသည်။
ဘုရင်များချိုင့်ဝှမ်းဒေသည် ရှေးအီဂျစ် သီးဘီးစ်မြို့အနီးတွင် တည်ရှိသည်။ ဤနေရာ သဲကန္တာရကြီးအတွင်း ဂူသင်္ချိုင်းတစ်ခုစီတွင် စင်္ကြံလမ်းများ၊ အခန်းများ ပါရှိသည်။ ကျောက်တုံး ထုထည်ကြီးများကို ထွင်းဖောက် တည်ဆောက်ထားကြသည်။ ပန်းပုဆရာများနှင့် ပန်ချီပညာရှင်များသည် နံရံများပေါ်တွင် ဘာသာရေး အထိမ်းအမှတ်များ၊ စာများ ရေးခြယ်ခဲ့သည်။ ခိုးသားဓားပြများ ဘေးရန်မှ လွတ်ကင်းအောင် တွင်းနက်ကြီးများအတွင်း တည်ဆောက်ခဲ့ကြသည်။
No comments:
Post a Comment