အစောဆုံးတွေ့ရသည့် ပန်းပုရုပ်များတွင် နှစ်ပေါင်း ၃၀,၀၀၀ခန့်ပင် သက်တမ်း ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကျောက်ခေတ်မှ စတင်ခဲ့သည်။ အဆိုပါ အစောဆုံးတွေ့ ပန်းပုရုပ် အသေးစား ကလေးများသည် အမျိုးသမီးပုံများ ဖြစ်သည်။ “သောကြောနတ်မိမယ်များ” ဟု လူသိများသည်။
ကျောက်ခေတ်နတ်မိမယ်များကို ဥရောပနှင့် အာရှတိုက် အနောက်ပိုင်းတစ်လျှောက် တွေ့ရသည်။ ပီးရနီး တောင်တန်းဒေသမှရုရှနိုင်ငံ ဘေကယ်ရေအိုင်ကြီး ဒေသအထိ တွေ့ခဲ့ရသည်။ ကျောက်ခေတ်ရုပ်လုံးများ တွင်းတိရစ္ဆာပုံများလည်း ပါဝင်သည်။ မမ္မတ် ဆင်မွေးရှည်ကြီးများ၊ ကြံ့များ၊ မြင်းများ၊ ဂူအောင်းဝက်ဝံကြီးများနှင့် ကြောင်အနွယ်တိရစ္ဆာန်မျိုးစုံ ပါဝင်သည်။ ဆင်စွယ်၊ အရိုးနှင့် ထုံးကျောက်၊ သဲကျောက်စသည့် ကျောက်အမျိုးမျိုးဖြင့် ထွင်းထုခဲ့ကြသည်။
No comments:
Post a Comment