Thursday, 23 June 2011

ပီကာဆို ဆိုတာ ဘယ်သူလဲ?

ပတ်ဘလိုရူးအစ်ဝိုင် ပီကာဆို (၁၈၈၁-၁၉၇၃) သည် စပိန်လူမျိုး ပန်ချီပညာရှင်ကြီး တစ်ဦးဖြစ်သည်။ ပြင်သစ်နိုင်ငံတွင် အနေများသည်။ ၁၀ရာစု ပန်ချီပညာရှင်အားလုံးအနက် လူသိအများဆုံးဟု ဆိုသင့်သည်။ ပီကာဆိုသည် ဟန်အမျိုးမျိုးဖြင့် ပုံများရေးဆွဲတတ်သည်။ အခြားပန်ချီ ပညာရှင်များအပေါ် ကြီးမားစွာ သြဇာလွှမ်းမိုး နိုင်ခဲ့သည်။

ပီကာဆို၏ အစောဆုံးလက်ရာများကို အဓိကအားဖြင့် အပြာရောင်ဖြင့် ခြယ်မူန်းခဲ့သည်။ နောက်ပိုင်းတွင် ဂဲသြမေတြီ ပုံစံ အစိတ်အပိုင်းများဖြင့် ရုပ်ပုံများရေးဆွဲလာသည်။ cubism ခေါ် ပန်ချီရေးနည်းရေးဟန် အဖြစ် သိထားကြသည်။ ပီကာဆို၏ အထင်ရှားဆုံး ပန်ချီကားများစွာအနက် ဂွါနီကာ Guernica လည်း ပါဝင်သည်။ စပိန်နိုင်ငံ ပြည်တွင်းစစ်ကာလအတွင်း မြို့တစ်မြို့ ပျက်စီးသွားရပုံကို သရုပ်ဖော်ထားသည်။

No comments:

Post a Comment