ဝီလျံရ ရှိတ်စပီးယား (၁၅၆၄-၁၆၁၆) သည် ကမ္ဘာ့အထူးချွန်ဆံး ပြဇာတ်ဆရာကြီးများအနက် တစ်ဦး အပါအ၀င်ဖြစ်သည်။ ရှိတ်စပီးယား၏ ပြဇာတ် ၃၅ပုဒ်သည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော အရေးကြီးဆုံး ပြဇာတ်ကြီးများအဖြစ် ဆက်လက်တည်မြဲလျက်ရှိသည်။ စထရက်ဖို့အပွန် အဗွန်မြို့ကလေးတွင် မွေးဖွားခဲ့သော်လည်း လန်ဒန်မြို့သို့ ပြောင်းရွေ့နေထိုင်သည်။ လန်ဒန်တွင် ပြဇာတ်မင်းသားနှင့် ဒါရိုက်တာဖြစ်လာသည်။ မိမိ၏ ပြဇာတ်အဖွဲ့မှ တင်ဆက်ရန် ပြဇာတ်များစွာ ရေးသားသည်။ ကိုယ်တိုင်လည်း စင်တင်ခဲ့ပုံရသည်။
သူ့ပြဇာတ်များတွင် အကြောင်းအရာအမျိုးမျိုး စုံသည်။ သမိုင်းဇာတ်လမ်းများ ပါရှိသည်။ A Midsummer Night’s Dreams ကဲ့သို့သော ပေါ့ပေါ့ပါးပါး အသောပြဇာတ်များလည်း ပါရှိသည်။ Hamlet နှင့် King Lear ကဲ့သို့သော ၀မ်းနည်းကြေကွဲဖွယ်ပြဇာတ်များလည်း ပါဝင်သည်။ ရှိတ်စပီးယားသည် ပြဇာတ်ရေးဆရာတစ်ဦးသာ မဟုတ်သေးဘဲ ကဗျာစာဆိုတစ်ဦးလည်း ဖြစ်သည်။
No comments:
Post a Comment