Thursday, 23 June 2011

ကိုလမ်ဘင်နှင့် ဟာလီကင် တို့ဟာ ဘယ်သူတွေလဲ?


Columbine နှင့် Harlequin တို့သည် ရှေးရိုးစဉ်လာ အီတလီပြဇာတ် Commedia dell’arte မှ အဓိက ဇာတ်ဆောင်နှစ်ဦး ဖြစ်သည်။ အဆိုပါ အီတလီဇာတ်မျိုးသည် ရီနေဆန်း ဉာဏ်သစ်လောင်း တော်လှန်ရေးခေတ်အဆုံးတွင် ပေါ်လာသည်။ ၁၈ရာစု နှစ်အထိ ဥရောပတစ်လွှား လူသိများသည်။

အဆိုပါ အီတလီ ပြဇာတ်၏ဇာတ်လမ်းသည် ရိုးရိုးစင်းစင်းပင် ဖြစ်သည်။ ဇာတ်ဆောင်လူငယ်တစ်ဦး၊ လုံမငယ်တစ်ဦး၊ သဘောမတူသော နှစ်ဖက်မိဘများ၊ ဉာဏ်ရွှင် ပျော်တော်ဆက် အစေခံများ ပါဝင်တတ်သည်။ ယင်းသို့ ဇာတ်လမ်းသရုပ်ဖော်ရာတွင် ဘားကျွမ်းခန်းများ၊ မျက်လှည့်ခန်းများ တေးဂီတများ ပေါင်းစပ်ထည့်သွင်းထားသည်။ ကိုလံဘင်နှင့် ဟာလီကင် ဇာတ်ကောင်နှစ်ဦး၏ ကျေးဇူးကြောင့် ပြင်သစ်နိုင်ငံတွင်လည်း အလားတူဇာတ်မျိုးများ ပေါ်လာခဲ့ရသည်။

No comments:

Post a Comment