မော်ယဲယား Moliere (၁၆၂၂-၁၆၇၃)သည် ပြင်သစ်လူမျိုး စာရေးဆရာနှင့် ဟာသပြဇာတ်ဆရာကြီး ဖြစ်သည်။ မော်လဲယား၏ အထင်ရှားဆုံးလက်ရာများတွင် Tartuffe, Le Misanthrope နှင့် Le Bourgeois Gentilhomme တို့ ပါဝင်သည်။
မောင်လဲယား၏အမည်ရင်းမှာ Juan-Baptiste Poquelin ဖြစ်သည်။ ပြောင်မြောက်သော ဟာသသရုပ်ဆောင်တစ်ဦး ဖြစ်သည်။ မိမိရေးသည့် ပြဇာတ်များတွင် ပါဝင်သရုပ်ဆောင်တတ်သည်။ သို့ရာတွင် မော်လဲယား၏ ပြဇာတ်လက်ရာများသည် ဘုရားကျောင်းတော်ကို ထိပါးတတ်သည်။ သူ၏ အကျော်ကြားဆုံး Tartuffe ပြဇာတ်သည် နောက်ဆုံး ဘူးပေါ်သလိုပေါ်သွားသော ဘာသာရေး အယောင်ဆောင်သမား တစ်ဦးကို သရော်ထားသည်။ ထိုပြဇာတ်သည် ငါးနှစ်တိုင်တိုင် ပိတ်ထားခံရသည်။ နောက်ဆုံးတွင် အောင်မြင်ကျော်ကြားသွားခဲ့သည်။
No comments:
Post a Comment