Thursday, 23 June 2011

ရုပ်ရှင်ကားများရိုက်ကူးရာတွင် အဘယ်ကြောင့် ဒါရိုက်တာများ လိုအပ်တာလဲ?

ရုပ်ရှင်ကားတစ်ကား ရိုက်ကူးရာတွင် ဒါရိုက်တာသည် တေးဂီတ အသံစုံဝိုင်းကြီးတစ်ခု၏ ခေါင်းဆောင်နှင့် လုပ်ငန်းတာဝန်ချင်း တူညီသည်။ ဒါရိုက်တာသည် ပါဝင်သရုပ်ဆောင်မည့်သူများအား အစမ်းလုပ်ခိုင်းသည်။ မိမိတို့ပါဝင်ရသည့် အခန်းအလိုက် သရုပ်ဆောင်စေသည်။ ဒါရိုက်တာများသည် ဇာတ်ညွှန်းအကြမ်းကို လေ့လာပြီး ဇာတ်ကား ကုန်ချောအဖြစ် ထွက်ပေါ်လာအောင် ဇာတ်လမ်း အစိတ်အပိုင်း အားလုံးကို စုစည်း ဆောင်ရွက်ပေးရသည်။

အလွန်အရေးကြီးသော အချက်တစ်ရပ်မှာ ရိုက်ကူးထုတ်လုပ်လိုက်သည့် ရုပ်ရှင်ကားတစ်ကားအပေါ် ပရိသတ် အမြင်ဖြစ်သည်။ ဒါရိုက်တာသည် ဒီဇိုင်းပညာရှင်များနှင့် ညှိနိုင်းဆောင်ရွက်ရသည်။ သို့မှသာ သရုပ်ဆောင်ရာတွင် အမှန်သရုပ်တူနိုင်မည်ဖြစ်သည်။

No comments:

Post a Comment