သရုပ်ဆောင်များသည် ပိုမို၍ သဘာဝကျစေရန်လည်းကောင်း၊ သရုပ်ဆောင်ရသည့် ဇာတ်ကောင်နှင့် ပုံစံ တူစေရန်လည်းကောင်း ကပြဖြေဖျော်ရာတွင် မိတ်ကပ်လူးကြရသည်။
မိတ်ကပ်သည် သဘာဝကိုပိုမိုပေါ်လွင်စေသည်။လုံးဝရုပ်ပြောင်းရုပ်လွှဲ ဖြစ်သွားစေသည်။ ပြဇာတ်ကသူများသည် မျက်လုံးများ၊ နူတ်ခမ်းများနှင့် ပုံစံများ ပိုမို ပေါ်လွင်ထင်ရှားစေရန် မိတ်ကပ်ထူထူ လိမ်းကြမည်။ သို့မဟုတ်ပါက စင်မြင့်ပေါ်မှ စွမ်းအားကြီး မီးရောင်များအောက်တွင် မှေးမှိန် ပျောက်ကွယ်သွားလိမ့်မည်။ ဥပမာအားဖြင့် ဆံပင်အညိုအဖျော့ဖျော့ အ၀ါရောင်ဖျော့ဖျော့ ပြဇာတ်မင်းသမီးသည် မျက်နှာကို မိတ်ကပ်ခြယ်ထားသော်လည်း ဆံပင်အရောင် ပိုရင့်အောင် ပြုပြင်ရန် လိုအပ်သည်။ မျက်ခုံးများကို ပိုထူထဲအောင် တစ်ခုနှင့်တစ်ခု ကပ်နေအောင် မိတ်ကပ်ခြယ်ထားပါက ယုတ်မာကောက်ကျစ်သူအဖြစ် ပိုမို ပေါ်လွင်သွားနိုင်သည်။
No comments:
Post a Comment