ဆပ်ကပ်ပွဲတစ်ခု၏ အဓိကထင်ရှားမူသည် ပရိသတ်အသည်းတယားယား ဖြစ်သွားအောင် လူသားများ၏ စွမ်းရည်နှင့် ရဲစွမ်းသတ္တိ ပြခန်းများဖြစ်သည်။ ပရိသတ် လွန်စွာကြောက်လန့် စိုးရိမ်မိပြီးနောက် လူပြက်များဖြင့် စိတ်သက်သာမူပေးရသည်။ ပရိသတ်ရယ်မောအောင် ဖန်တီးသရုပ်ဆောင်ခြင်းဖြင့် စိတ်တင်းမာနေမူများ လျော့ကျသွားစေနိုင်သည်။
ဆပ်ကပ်လောကတွင် ရုရှ မော်စကို ဆက်ကပ်အဖွဲ့မှ အိုလက် ပိုပေါ့ဗ်သည် အတော်ဆုံးလူပြက်ကြီး တစ်ဦးဖြစ်သည်။ ဆပ်ကပ်ပွဲထဲမှ မြင်းစီးသမားများ၊ ကျွမ်းဘားသမားများ လုပ်သည့်အတိုင်း လိုက်လံတုပ လုပ်ကိုင်ပြရင်း ဟာသကွက်များ ဖော်သွားတတ်သည်။ ယင်းသို့ တူပလုပ်ကိုင်ရာတွင် ပထမပိုင်းတွင် ဟုတ်တော့မလိုလိုဖြစ်ပြီးမှ နောက်ဆုံး လျှော့သွားတတ်သည်သာ များသည်။
No comments:
Post a Comment