အိုးခွက်ပြုလုပ်ခြင်းသည် ရှေးဦးအကျဆုံး တီထွင်မူများအနက် တစ်ခုအပါအ၀င်ဖြစ်သည်။ ရှေးဦးစွာ ရွှံ့စေးစိုစိုကို လက်ဖြင့် အိုးပုံစံဖော်ရသည်။ ပြီးမှ အိုးများကို အိုးထိန်းစက်ပေါ် တင်လှည့်ရသည်။
ခရစ်မပေါ်မီ ၃၀၀၀-ခုနှစ် လောက်ကပင် ဆူမားရီးယား၊ ဘေဘီလုံနှင့် အရှေ့အနီးဒေသ တစ်နေရာရာတွင် အိုးထိန်းစက်ကို တီထွင်နိုင်ခဲ့သည်။ အိုးထိန်းစက် တီထွင်နိုင်ခဲ့မူကြောင့် ပထမဆုံး ကုန်ထုတ်ရေး အိုးခွက်ပြုလုပ်မူလုပ်ငန်း ပေါ်ထွန်းလာခဲ့သည်။ ကျွမ်းကျင် တတ်မြောက်သော အိုးထိန်းသည်တစ်ဦးသည် မိမိအိုးနှင့် အစားအသောက်၊ အခြားကုန်စည်များ လဲလှယ် စားသောက်နိုင်အောင် အိုးများစွာ ထုတ်လုပ်နိုင်သည်။ အိုးများရောင်းပြီး ငွေရှာနိုင်သည်။
No comments:
Post a Comment