အိုးခွက်ပြုလုပ်ခြင်းသည် ရှေးဦးအကျဆုံး တီထွင်မူများအနက် တစ်ခုအပါအ၀င်ဖြစ်သည်။ ရှေးဦးစွာ ရွှံ့စေးစိုစိုကို လက်ဖြင့် အိုးပုံစံဖော်ရသည်။ ပြီးမှ အိုးများကို အိုးထိန်းစက်ပေါ် တင်လှည့်ရသည်။
ခရစ်မပေါ်မီ ၃၀၀၀-ခုနှစ် လောက်ကပင် ဆူမားရီးယား၊ ဘေဘီလုံနှင့် အရှေ့အနီးဒေသ တစ်နေရာရာတွင် အိုးထိန်းစက်ကို တီထွင်နိုင်ခဲ့သည်။ အိုးထိန်းစက် တီထွင်နိုင်ခဲ့မူကြောင့် ပထမဆုံး ကုန်ထုတ်ရေး အိုးခွက်ပြုလုပ်မူလုပ်ငန်း ပေါ်ထွန်းလာခဲ့သည်။ ကျွမ်းကျင် တတ်မြောက်သော အိုးထိန်းသည်တစ်ဦးသည် မိမိအိုးနှင့် အစားအသောက်၊ အခြားကုန်စည်များ လဲလှယ် စားသောက်နိုင်အောင် အိုးများစွာ ထုတ်လုပ်နိုင်သည်။ အိုးများရောင်းပြီး ငွေရှာနိုင်သည်။

Thursday, 23 June 2011
အိုးထိန်းစက်ကို ဘယ်အခါက တီထွင်ခဲ့သလဲ?
အမျိုးအစား/ကဏ္ဍ
ထွေထွေဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment