ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 23 June 2011

အသံတိတ်ပြဇာတ်ဆိုတာ ဘာလဲ?

အသံတိတ်ပြဇာတ် mime တွင် ဇာတ်ကောင်တစ်ဦးကမျှ စကား မပြောချေ။ အမူအရာဖြင့်သာ ကပြတတ်သည်။ စကားပြောပြီး သရုပ်ဆောင်သည်ထက် ကိုယ်လက် မျက်နှာ အမူအရာများဖြင့် သရုပ်ဖော်ကြသည်။ ယင်းကဲ့သို့ သရုပ်ဆောင်များကိုလည်း mimes ဟု ခေါ်ကြသည်။

ခေတ်သစ် အသံတိတ်ပြဇာတ်များသည် ၁၈၀၀ပြည့်လွန်နှစ်များအတွင်း ပြင်သစ်နိုင်ငံ၌ စတင်ထွန်းကားသည်။ ပထမဆုံး ပြင်သစ် အသံတိတ် ပြဇာတ်ပညာရှင်သည် Jean – Baptiste – Gaspard Deburau ဖြစ်သည်။ ၁၈၄၆-ခုနှစ်တွင် ကွယ်လွန်သည်။ မျက်မှောက်ကာလ အသံတိတ် ပြဇာတ်များတွင် လှေကားပေါ်သို့ တက်ဟန်၊ ပြတင်းများ သုတ်သင်ဟန်၊ လိပ်ပြာလိုက်ဖမ်းဟန်များ သရုပ်ဆောင်လျက်ရှိသည်။

No comments:

Post a Comment