ကဘူကီ Kabuki သည် ဂျပန်နိုင်ငံတွင် ကပြသည့် ပြဇာတ်ပုံစံ တစ်မျိုးဖြစ်သည်။ ကဘူကီ၏ အဓိပ္ပာယ်မှာ “သီဆို ကခုန်မူ အတတ်ပညာ” ဟု သိရသည်။ ကဘူကီတွင် အဆိုအကများစွာ ပါဝင်သည်။
ကဘူကီပြဇာတ်အများစုသည် စိတ်လူပ်ရှားဖွယ် ဖြစ်စဉ်များ ဖြစ်တတ်သည်။ ပဉ္စလက်ဆန်သည်။ သရုပ်ဆောင်သူများသည် ထူးခြားစွာ ၀တ်စားဆင်ယင်ထားသည်။ ဆေးရောင်စုံများ ပိန်းနေအောင် သုတ်လိမ်းထားတတ်သည်။ သူရဲကောင်းများသည် အဖြူရောင်ဖြစ်ပြီး လူကြမ်းများသည် နီတိတီအရောင်များ ဖြစ်သည်။ သရုပ်ဆောင်ရာတွင် အမျိုးသားများသာ ပါဝင်ရသည်။ ဓားခုတ်ခန်းများပါသည်။ မမြင်ရသည့်ခွက်များထဲမှ လက်ဖက်ရည် သောက်ဟန်များ တွေ့မြင်ရသည်။ ဇာတ်လမ်းတစ်ခုလုံးတွင် ဂီတကို သုံးသည်။ သရုပ်ဆောင်များက အော်ပရာကဲ့သို့ပင် သီချင်းများဆိုတတ်သည်။

Thursday, 23 June 2011
ကဘူကီ ကပွဲဆိုတာ ဘာလဲ?
အမျိုးအစား/ကဏ္ဍ
ထွေထွေဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment