ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 23 June 2011

လမ်းချောများကို ပထမဆုံး ဘယ်အချိန်က ခင်းခဲ့ကြသလဲ?

ရှေးအခါက လူတို့ ခရီးသွားသောအခါ လမ်းကြမ်းကြီးများအတိုင်း သွားလာခဲ့ကြရသည်။ ရာသီဥတု ဆိုးရွားချိန်မျိုးတွင် အိမ်တွင်းအောင်းနေသည်က ပိုမို ဘေးကင်းခဲ့သည်။ ဘီးတပ်လှည်းများ အသုံးပြုလာမှ လမ်းချောများခင်းရန် စိတ်ကူးရလာသည်။

အစောဆုံးလမ်းချောများကို လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ခန့် ဘေလီလုံမြို့တွင် စတင်ဖောက်လုပ်ခဲ့သည်။ လူများသည် မြို့များတွင် နေထိုင်လာကြပြီး အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မူပြုကြသောအခါ လမ်းခရီးချောမောပြေပြစ်ရန် အရေးကြီးလာသည်။ ရှေးဟောင်းမြို့ဟောင်း များစွာတွင် လမ်းချောများ ခင်းထားတတ်သည်။ မျက်မှောက်ကာလအထိ ထိုလမ်းမျိုး အကြွင်းအကျန်များ တွေ့နိုင်သေးသည်။ မည်သို့ပင်ဖြစ်စေ အတိတ်ကာလ လမ်းဟောင်းကြီးများ တည်ဆောက်ခဲ့ကြသူမျာ သည် ရောမလူမျိုးများဖြစ်ကြောင်း ယုံမှားစရာ မရှိလှပေ။

No comments:

Post a Comment