၈၀၀။ အချင်းဥပါသကာ ဒါယကာသည် အကြင်လှူဖွယ်ဝတ္ထုကို ပေးလှူ၏၊ ထိုလှူဖွယ်ဝတ္ထုသည် (တမလွန် လောက၌သာ ထိုအလှူ၏ အကျိုးဖြစ်သည်မဟုတ်) စင်စစ်သော်ကား အခြားတပါး များစွာသော ကောင်းကျိုးသည် ဖြစ်သေး၏၊ ထို့ကြောင့် သင်တို့သည် အလှူကို ပေးလှူသင့်ကုန်သည်သာတည်း၊ ပညာရှိသည် ပေးလှူခြင်းကြောင့် ပစ္စုပ္ပန် သံသရာ၌ ဖြစ်ဆဲ ဖြစ်လတ္တံ့သော ချမ်းသာနှစ်မျိုးသို့ ရောက်နိုင်၏၊ သင်တို့သည် နိုးကြားကြကုန်လော့၊ မမေ့လျော့ကြကုန်လင့် (ဟု ဘုမ္မဇိုဝ်းနတ်က ဆို၏)။
တဆယ့်သုံးခုမြောက်သော အက္ခရုက္ခပေတ၀တ္ထု ပြီး၏။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment