၈၀၂။ အချင်းတို့ အချင်းခပ်သိမ်း လောကုမ္ဘီငရဲ၌ ကျက်ကြကုန်သော ငါတို့အား အနှစ်ခြောက်သောင်းတို့ ပြည့်ခဲ့ကုန်ပြီ၊ ငါတို့အား ဘယ်အခါ ဤဆင်းရဲ၏ အဆုံးသည် ဖြစ်ပါလတ္တံ့နည်း။
၈၀၃။ အချင်းတို့ အကြင်သို့သော အပြားအားဖြင့် သင့်အား၎င်း ငါ့အား၎င်း ဤဆင်းရဲ၏ အဆုံးမရှိ၊ ဤဆင်းရဲ၏ အဆုံးသည် အဘယ်မှာရှိနိုင်ပါတော့အံ့နည်း၊ ဤဆင်းရဲ၏ အဆုံးကို မတွေ့မမြင်နိုင်၊ ထိုသို့သော အပြားအားဖြင့် သင်သည်၎င်း ငါသည်၎င်း မကောင်းမူကို ပြုအပ်ခဲ့ပြီ။
၈၀၄။ အကြင်ငါတို့သည် လှူဖွယ်ဝတ္ထုတို့ ထင်ရှားရှိပါကုန်လျက် မပေးမလှူခဲ့မိကြပါကုန်၊ မိမိ၏ မှီခိုရာ ကိုင်းကျွန်းသဖွယ် ဖြစ်သော ကုသိုလ်ကောင်းမူကို မပြုမိကြပါကုန်၊ ထိုငါတို့သည် ပညာရှိတို့ ကဲ့ရဲ့ထိုက်သော အသက်ရှည်ခြင်းဖြင့် အသက်ရှည်ခဲ့ကြရပါကုန်၏။
၈၀၅။ ထိုငါသည် ဤငရဲမှ သွား၍ လူ့ဘ၀ကို ရပါမူ အလှူခံပုဂ္ဂိုလ်တို့ ပြောဆိုသော စကားကို သိတတ်သူ သီလနှင့်ပြည့်စုံသူဖြစ်၍ များစွာသော ကောင်းမူကုသိုလ်ကို ပြုပါတော့အံ့၊ (ဤသို့ သူဌေးသားလေးယောက်တို့ ရွတ်ဆိုကြကုန်၏)။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment