Wednesday, 5 October 2011

၁၀ - ဓာတုဝိ၀ဏ္ဏပေတ၀တ္ထု

၅၀၇။ ကောင်းကင်၌ တည်နေသော သင်၏(ကိုယ်၌) မကောင်းသော အပုပ်နံ့သည် လိုင်၏၊ အပုပ်နံ့လိုင်သော သင်၏ ခံတွင်းကိုလည်း ပိုးလောက်တို့သည် ခဲစားကုန်၏၊ သင်သည် ရှေးဘ၀က အဘယ်ကံကို ပြုခဲ့သနည်း။

၅၀၈။ ထို့ထက်အလွန်မူကား (ကံနိုးဆော်အပ်သော သူတို့က) လက်နက်ယူလျက် သင့်ကို အဖန်ဖန်လှီးဖြတ်ကုန်၏၊ ဆားငန်ရေဖြင့် လောင်းဆွတ်၍ အဖန်ဖန် လှီးဖြတ်ကုန်၏။

၅၀၉။ သင်သည် ကိုယ်ဖြင့်၎င်း နူတ်ဖြင့်၎င်း စိတ်ဖြင့်၎င်း အဘယ်မကောင်းမူကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤဆင်းရဲသို့ ရောက်ရသနည်း (ဟု အသျှင်မာကဿပက မေး၏)။

၅၁၀။ အရှင်ဘုရား အကျွန်ုပ်သည် ပျော်မွေ့ဖွယ်ကောင်းသော နှလုံးမွေ့လျော်ဖွယ်ရှိသော တောင်တို့ဖြင့် ကာရံအပ်သော ရာဇဂြိုဟ်မြို့၌ အလွန်များသော ဥစ္စာစပါးကို အစိုးရသူ ဖြစ်ခဲ့ပါ၏။

၅၁၁။ ထိုအကျွန်ုပ်၏ (ရှေးဘ၀က) ဤမယားသည်၎င်း ဤသမီးသည်၎င်း ဤချွေးမသည်၎င်း ထိုအိမ်သူအိမ်သားတို့သည် ပန်းကို၎င်း ကြာကို၎င်း အသစ်ဖြစ်သော နံ့သာပျောင်းကို၎င်း ပုထိုးသို့ (ပူဇော်ရန်) ဆောင်ယူသည်တို့ကို တားမြစ်မိခဲ့ပါ၏၊ အကျွန်ုပ်သည် ထိုမကောင်းမူကံကို ပြုခဲ့ပါ၏။

၅၁၂။ (အရှင်ဘုရား) အသီးအသီး ခံစားအပ်သော ဆင်းရဲသော ဝေဒနာရှိကုန်သော ရှစ်သောင်းခြောက်ထောင် အတိုင်းအရှည်ရှိကုန်သော အကျွန်ုပ်တို့သည် ဓာတ်တော်ထားရာ ပုထိုးကို ပူဇော်ခြင်းကို ကဲ့ရဲ့မိကြကုန်၍ ပြင်းစွာ ဆင်းရဲသည်၏ အဖြစ်ကြောင့် ငရဲနှင့်တူသော ပြိတ္တာဘုံ၌ ပြင်းထန်စွာ ခံနေရပါကုန်၏။

၅၁၃။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား၏ ဓာတ်တော်ထားရာ ပုထိုးကို (ရည်မှတ်၍) ပူဇော်ခြင်းငှါ ပွဲလမ်းသဘင် ဖြစ်သည်ရှိသော် (အကျွန်ုပ်ကဲ့သို့သော) အကြင်ပုဂ္ဂိုလ်တို့သည် ဓာတ်တော်ထားရာ ပုထိုးကို ပူဇော်ခြင်း၌ အပြစ်ဒေါသကို ပြကုန်၏၊ ထိုပုဂ္ဂိုလ်တို့ကို ထိုမကောင်းမူမှ ရှောင်ကြဉ်ကြပါစေကုန်လော့။

၅၁၄။ နတ်ပန်းတို့ကို ပန်ဆင်ကုန်၍ နတ်ဝတ်တန်ဆာဆင်ကြကာ ပုထိုး၌ ပန်းပူဇ်ာသော ကံ၏ အကျိုးကို ခံစားကြကုန်လျက် လာကြကုန်သော ဤနတ်သမီးတို့ကို ကြည့်ရူတော်မူပါလော့၊ ထိုနတ်သမီးတို့သည် များသော အခြံအရံ အကျော်အစော ရှိကုန်လျက် နတ်စည်းစိမ်နှင့် ပြည့်စုံကြပါကုန်၏။

၅၁၅။ ပညာရှိကုန်သော အကျွန်ုပ်၏ မယား သမီး ချွေးမတို့သည် အံ့သြဖွယ်ဖြစ်သော မဖြစ်ဘူးမြဲဖြစ်သော ကြက်သီးမွေးညင်းထဖွယ်ဖြစ်သော ထိုအကျိုးထူးကို မြင်ကြ ကုန်သောကြောင့် ရှိခိုးခြင်းကို ပြုခဲ့ပါကုန်၏၊ ထိုမြတ်စွာဘုရား၏ ဓာတ်တော်ထားရာ ပုထိုးကို ရှိခိုးခဲ့ကြပါကုန်၏။

၅၁၆။ ထိုအကျွန်ုပ်သည် စင်စစ် ဤပြိတ္တာဘုံမှ လွတ်သွား၍ လူအမျိုးဇာတ်ကို ရသည်ရှိသော် ပုထိုးအား ပူဇော်ခြင်းကို မမေ့မလျော့မူ၍ အဖန်ဖန် ပြုပါတော့အံ့ဟု ကြံစည်အောက်မေ့မိပါ၏ (ဟု လျှောက်၏)။

ဆယ်ခုမြောက်သော ဓာတုဝိ၀ဏ္ဏပေတ၀တ္ထု ပြီး၏။

သုံးခုမြောက်သော စူဠ၀ဂ် ပြီး၏


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment