Friday, 21 October 2011

FDA မှ မြို့နယ်အလိုက် ဆေးဝါးရောင်းချမူဆိုင်ရာ သင်တန်းဖွင့်လှစ်မည်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidUitaquQZEo1ZofkV_YM5ZWKJck-oTw8SAipcyyg64PI04Tu-az5TSjRzzj_PHy6OfQkInameuoEPkvphYUGWcIZjzGbCdT6h5LeJrS9FEmpxNrDA1Iin1Ad4w_CIpxufK08kGNTXbpU/s1600/medicine.jpghttp://lh3.ggpht.com/-qsZdL9A-ORk/S8RXU7Qf_LI/AAAAAAAABt8/gLaWsSS9_9A/7268-Clipart-Picture-Of-A-Medicine-Pill-Capsule-Mascot-Cartoon-Character-Holding-A-Pointer-Stick.jpg

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ ဆေးဝါးရောင်းချမူဆိုင်ရာသင်တန်း ဖွင့်လှစ်ရန် စီစဉ်နေကြောင်းသိရသည်။

အဆိုပါသင်တန်း ဖွင့်လှစ်ရခြင်းမှာ ဆေးဝါးနှင့်ပတ်သက်၍ ကျွမ်းကျင်မူမရှိဘဲ စပ်ဆေးများရောင်းချနေခြင်း၊ လမ်းဘေးဆိုင်များ ကွမ်းယာဆိုင်များတွင် အလွယ်တကူရောင်းချနေခြင်း၊ မိမိသဘောနှင့် ၀ယ်ယူသောက်သုံးခြင်းတို့မှ ကာကွယ်နိုင်ရန် ရောင်းချနေမူလျော့နည်းစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဟု FDA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယင်းသင်တန်းအား မြို့နယ်အလိုက် ဖွင့်လှစ်ရန် စီစဉ်ထားပြီး သင်တန်းဖွင့်လှစ်မည့်နေရာ၊ အချိန်၊ သင်တန်းပို့ချမည့် ပညာရှင်တို့အား စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။ ထိုသင်တန်းတွင် ဆေးဝါးများအကြောင်း၊ ဆေးဝါးများ၏အာနိသင်၊ တွဲစပ်ပုံ၊ အသက်အရွယ်အလိုက် ဆေးပေးသင့်ပုံတို့ကို ပြည့်ပြည့်စုံစုံ သင်ကြားပေးမည်ဖြစ်သည်။

အထက်ပါသင်တန်းများ ဖွင့်လှစ်ခြင်းကြောင့် ကျွမ်းကျင်မူ မရှိဘဲ စပ်ဆေးရောင်းချမူလျော့နည်းသွားက အနာတစ်ခြား ဆေးတစ်ခြားဖြစ်မူများ ကင်းဝေးနိုင်မည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

လွင်လွင်မိုး (HEALTH CARE JOURNAL)

No comments:

Post a Comment