Friday, 21 October 2011

မြန်မာကျွမ်းကျင်သူနာပြု အမျိုးသမီးများအား စင်ကာပူနိုင်ငံ Ren Ci Community ဆေးရုံမှခေါ်နေ

စင်ကာပူနိုင်ငံရှိ Ren Ci Community ဆေးရုံအလုပ်လုပ်ကိုင်ရန် မြန်မာအမျိုးသမီး ကျွမ်းကျင်သူနာပြုများ ခေါ်ယူနေကြောင်းသိရသည်။

အဆိုပါဆေးရုံတွင် သူနာပြုလုပ်ကိုင်လိုသူများသည် B.N.SC(Bachelor of Nursing Science) ဘွဲ့ သို့မဟုတ် Nursing Diploma ရရှိပြီး အခြားဘာသာရပ်ဆိုင်ရာဘွဲ့တစ်ခုခု ရှိရမည်ဖြစ်သည်။ ထို့အပြင် ခုတင်(၅၀)အထက်ရှိ ဆေးရုံကြီးတွင် အနည်းဆုံးခြောက်လ လုပ်ကိုင်ဖူးသူဖြစ်ရန်လိုအပ်ပြီး အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်စွာ ပြောဆိုနိုင်ရမည်ဖြစ်သည်။

အခြေခံလစာအဖြစ် စင်ကာပူဒေါ်လာ ၆၀၀-၀န်းကျင်နှင့် နေထိုင်စားသောက်စရိတ်အတွက် စင်ကာပူဒေါ်လာ ၂၅၀ ရရှိမည်ဖြစ်ကြောင်း နှစ်နှစ်သက်တမ်း လုပ်ကိုင် ခွင့်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းကျွမ်းကျင်လာမူအပေါ်မူတည်ကာ ရာထူး၊ လစာ တိုးမြင့်သွားမည်ဖြစ်ကြောင်း သိရသည်။

Ren Ci Community ဆေးရုံတွင် လုပ်ကိုင်လိုသည့် သူနာပြုများသည် http://www.renci.com/တွင်ကြည့်ရူကာ ဆက်သွယ်လျောက်ထားနိုင်ကြောင်းသိရသည်။

လွင်လွင်မိုး (HEALTH CARE JOURNAL)

No comments:

Post a Comment