ရှေ့၌ ဖော်ပြခဲ့သည့်အတိုင်း ဖြစ်ပေါ်ဆဲကိုယ်အမူအရာ မှန်သမျှကို ဖြစ်ပေါ်ခိုက်၊ လူပ်ရှားခိုက်တိုင်း၌ သတိအစဉ်လိုက်၍ စူးစူးစိုက်စိုက် ပေါ်လာလျှင် ဝေဒနာကို သတိစိုက်လျက် “ညောင်းသည်၊ ပူသည်၊ နာကျင်သည်၊ ကိုက်ခဲသည်” ဟု ရူမှတ်ပွားများရမည်။ ထို့ပြင် အားထုတ်နေစဉ်အတွင်း စိတ်မချမ်းသာမူ၊ စိတ်ညစ်မူ၊ ပူပန်မူ၊ ကြောင့်ကြမူ၊ ၀မ်းနည်းပူဆွေးမူ၊ ကြောက်ရွံ့စိုးရိမ်မူ အစရှိသော ခံစားမူ(ဝေဒနာ)များ ပေါ်လာလျှင်လည်း “စိတ်မချမ်းသာဘူး၊ စိတ်ညစ်သည်၊ ပူပန်သည်၊ ကြောင့်ကြသည်၊ ၀မ်းနည်းသည်၊ ပူဆွေးသည်၊ ကြောက်ရွံ့စိုးရိမ်သည်” ဟု ရူမှတ်ပွားများ ရမည်။
မိမိအလိုရှိသော ၀တ္ထုအာရုံ ကာမဂုဏ်တို့နှင့် မပြည့်စုံမူ၊ လတ်တလောတွင် ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့နေရမူ၊ ယခင်က ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့ခဲ့ရမူ အစရှိသည်တို့ကို စဉ်းစားမိကာ ၀မ်းနည်းခြင်း၊ နှလုံးမသာယာခြင်း၊ စိတ်ညစ်ခြင်းမျး ဖြစ်ပေါ်လာလျှင်လည်း “၀မ်းနည်းသည်၊ နှလုံးမသာယာဘူး၊ စိတ်ညစ်သည်”ဟု ရူမှတ်နေရမည်။ ထို့အတူ “မဂ်ဖိုလ်တရားထူးကို မည်သည့်အခါတွင် ရပါလိမ့်မည်နည်း၊ ဤဘ၀၌ ရနိုင်မည်မထင်ပါဘူး၊ ရမှာမဟုတ်တော့ပါဘူး” စသည်ဖြင့် မိမိ၏ အားထုတ် မူနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်မူများ ဖြစ်ပွားလျှင်လည်း “စိုးရိမ်သည်၊ ပူပန်သည်”ဟု ရူမှတ်ရမည်။
ရူမှတ်ပွားများမူအတွက် သုခဝေဒနာနှင့် ဒုက္ခဝေဒနာတို့သာ ရူမှတ်ရန် ထင်ရှားသိသာ၏၊ ဥပေက္ခာ ဝေဒနာ လက်တွေ့ အားထုတ်ကာစပုဂ္ဂိုလ်အတွက် သုခ၊ ဒုက္ခတို့ကဲ့သို့ မထင်ရှား မသိသာ၊ အသိခက်လှ၏၊ သို့ဖြစ်၍ ဤ၌ ဥပေက္ခာ ဝေဒနာ ရူမှတ်ပုံကို မပြတော့ပါ။
ဤသို့ ခံစားမူ(ဝေဒနာ)များကို ရူမှတ်တိုင်း ရူမှတ်တိုင်း ထို ဝေဒနာတို့၏ ဖျပ်ကနဲ ပေါ်၍ ရိပ်ကနဲ ကုန်ဆုံး ပျောက်ပျက်သွားခြင်းကို ရှင်းလင်းစွာ သိနေခြင်းသည် ခံစားမူ(ဝေဒနာ)၏ ဖြစ်မူ ပျက်မူတို့ကို ရူမှတ်၍ နေခြင်းပင် ဖြစ်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment