Sunday, 6 November 2011

ဝေဒနာနုပဿနာသတိပဋ္ဌာန်း ရူမှတ်ပွားများပုံ

သုခဝေဒနာကို ရူမှတ်ခြင်း


ရူမှတ်ပွားများနေစဉ် လင်ယောက်ျား၊ ဇနီးမယား၊ သမီး၊ သား၊ အ၀တ်တန်ဆာ၊ စားသောက်ဖွယ်ရာ၊ အိမ်ရာ၊ ခြံမြေ၊ ရွှေ၊ ငွေ၊ ရတနာ အစရှိသော ၀တ္ထုအာရုံ ကာမဂုဏ်တို့နှင့် ပြည့်စုံခြင်းကို အောက်မေ့နှလုံးသွင်းမိကာ ၀မ်းသာမူဖြစ်လာလျှင်လည်း ၀မ်းသာသည်၊ ၀မ်းသာသည် ဟု ရူမှတ်ပွားများရမည်။ သမထ၀ိပဿနာနှင့် စပ်လျှဉ်း၍ဖြစ်ပေါ်လာသော ချမ်းသာမူ၊ ၀မ်းမြောက်မူ ပေါ်လာတတ်သည်၊ ထိုအခါတွင်လည်း ၀မ်းသာသည်၊ ၀မ်းသာသည် ဟု ရူမှတ်ပွားများရမည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment