အသိဉာဏ်သမ္ပဇဉ်ဖြင့် မှတ်ခြင်းဟူသည် -
- ရှေ့သို့သွားလျှင်လည်း သွားသည် ဟု အသိဉာဏ်ကပ်၍ သိနေရမည်၊
- နောက်သို့ဆုတ်လျှင်လည်း ဆုတ်သည် ဟု အသိဉာဏ်ကပ်၍ သိနေရမည်။
- ထိုင်ရင်း ရပ်ရင်း ရှေ့ဘက် နောက်ဘက်သို့ ယိမ်းယိုင်သွားလျှင်လည်း ယိမ်းသည်၊ ယိုင်သည် ဟု စေ့စေ့စပ်စပ် ရူမှတ်၍ မပြတ်သိနေရမည်။
ထို့ပြင် တူရူ(တည့်တည့်)၊ စောင်းငဲ့၍ ကြည့်ရာတွင်လည်း ကြည့်ချင်သည်၊ ကြည့်သည်၊ မြင်သည် ဟု လည်းကောင်း၊ လက်ခြေတို့ကို ကွေးတိုင်း ဆန့်တိုင်းလည်း ကွေးချင်သည်၊ ကွေးသည်၊ ဆန့်ချင်သည်၊ ဆန့်သည် ဟု လည်းကောင်း၊ သပိတ်၊ သင်္ကန်း၊ အ၀တ်၊ အိုးခွက်၊ ပန်းကန် အစရှိသော အသုံးအဆောင်ပစ္စည်းများကို ကိုင်တိုင်း၊ ယူတိုင်းလည်း ကိုင်ချင်သည်၊ ကိုင်သည်၊ ယူချင်သည်၊ ယူသည် ဟု လည်းကောင်း၊ စားသောက်တိုင်းလည်း စားချင်သည်၊ စားသည်၊ သောက်ချင်သည်၊ သောက်သည် ဟု လည်းကောင်း၊ ကျင်ကြီးကျင်ငယ်စွန့်သည့်အခါ၌လည်း စွန့်ချင်သည်၊ စွန့်သည်၊ ဆေးကြောသုတ်သင်သည် ဟု လည်းကောင်း၊ ရပ်၊ ထိုင်၊ လှဲအိပ်၊ နိုးထ၊ ပြောဆို၊ ဆိတ်ဆိတ်နေသည်”ဟု လည်းကောင်း လူပ်ရှားမူမှန်သမျှ တစ်ခုမျှ အလွတ်မပေးဘဲ သတိကပ်လျက် စေ့စေ့စပ်စပ် ရူမှတ်ရမည်။ အချုပ်အားဖြင့် လူပ်ရှားမူမှန်သမျှကို သတိစိုက်၍ ရူမှတ်နေရမည် ဖြစ်သည်။
ထိုသို့ လျောင်း၊ ထိုင်၊ ရပ်၊ သွား လေးပါးသော ဣရိယာပုထ်များ၌ ရုပ် နာမ် သဘာဝတို့၏ အဆင့်ဆင့် ပေါ်လိုက် ပျောက်လိုက်ဖြင့် ဖြစ်ပျက်နေခြင်းများကို ရှင်းလင်းစွာသိနေခြင်းသည် ရုပ်အပေါင်း(ကာယ)၌ ဖြစ်မူ ပျက်မူများကို အဖန်ဖန် အထပ်ထပ် ရူမှတ်၍ နေခြင်းပင် ဖြစ်ပေသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment