နာမ်ရုပ်(သင်္ခါရ)တို့၏ အိုမင်းရင့်ရော်ခြင်း၊ သေပျောက်ပျက်စီးခြင်းတို့ကို ရူမြင်ကာ ဤနာမ်ရုပ်(သင်္ခါရ)တို့၏ အိုမင်းရင့်ရော်ခြင်း၊ သေပျောက်ပျက်စီးခြင်း သဘောကား ပဋိသန္ဓေနေမူ(ဇာတိ)ကြောင့်ဖြစ်၏ (ဘ၀အသစ်ရရှိခြင်းကြောင့် ဖြစ်၏)။ ထိုဘ၀အသစ်ရရှိခြင်းမှာလည်း ကံ၏စီမံမူ(ကမ္မဘ၀)ကြောင့်ဖြစ်၏၊ ထိုကမ္မဘ၀ကား စွဲလမ်းမူ(ဥပါဒါန်)ကြောင့်ဖြစ်၏၊ ထိုဥပါဒါန်ကား တဏှာကြောင့်ဖြစ်၏ အစရှိသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် ပဋိလုံနည်းအတိုင်း သိမ်းဆည်းရမည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment