Sunday, 6 November 2011

(၄) ကင်္ခါဝိတရဏ၀ိသုဒ္ဓိ

ကင်္ခါဝိရဏ၀ိသုဒ္ဓိ ဟူသည် ဒိဋ္ဌိဝိသုဒ္ဓိဖြင့် စင်ကြယ်စွာ သိမြင်ပြီးသော ရုပ်နာမ်ဓမ္မတို့၏ အကြောင်းတရားများ သိမ်းဆည်းစဉ်းစားလျက် ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလသုံးပါးတို့၌ ယုံမှား သံသယမရှိသော ဉာဏ်ပင်ဖြစ်သည်။

နာမ်ရုပ်တို့၏ အကြောင်းတရားများကို သိမ်းဆည်းရာ၌ အောက်ပါအတိုင်း ပဋိစ္စသမုပ္ပါဒ်ပဋိလုံနည်း၊ ပဋိစ္စသမုပ္ပါဒ်အနုလုံနည်းတို့ဖြင့် သိမ်းဆည်းနိုင်သည်။ ထိုနည်းများကား ရုပ်နာမ်တရားတို့၏ အကြောင်းကို သိမ်းဆည်းရာ၌ လွယ်ကူသော နည်းများဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment