ဒိဋ္ဌိဝိသုဒ္ဓိ(ဉာဏ်အမြင်စင်ကြယ်ခြင်း၊ အယူစင်ကြယ်ခြင်း)ဟူသည် ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမဟူ၍ အမြင်မှား အသိမှားမူတို့ကို ပယ်ရှားလျက် လောကီရုပ်နာမ်ဓမ္မတို့ကို ဟုတ်တိုင်းမှန်စွာ သိမြင်တတ်သော ဉာဏ်ပညာပင်တည်း။
ရုပ်တရားနာမ်တရားတို့ကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တင်၍ ဆင်ခြင်လိုက်သည့်အခါ သိမူကား စိတ်၊ ခံစားမူကား ဝေဒနာ၊ မှတ်သားမူကား သညာ၊ ပြုလုပ်အားထုတ်မူကား သင်္ခါရ၊ ဖောက်ပြန်တတ်သော ခန္ဓာကိုယ်ကြီးကား ရုပ်တည်း၊ ဤ ရုပ်ဝေဒနာ သညာ သင်္ခါရ သိညာဉ်တို့မှတပါး အတ္တဟူသည်မရှိဟု သိမြင်လာ၏၊ ဤသို့ သိမြင်ခြင်းကိုပင် အတ္တ စွဲလမ်းမူ(အညစ်အကြေး)မှ ကင်းဝေး စင်ကြယ်သည့်အတွက် ဒိဋ္ဌိဝိသုဒ္ဓိ ဟုခေါ်ရပေသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment