Tuesday, 15 November 2011

(၄) အာနန္တရိယကံများနှင့် သမ္မုတိသစ္စာ

အခြားဘ၀၌ ဆက်တိုက်အကျိုးပေးသောကံသည် အာနန္တရိယကံ မည်၏၊ ထိုကံကို အလွန်အပြစ်ကြီးလေးသောကြောင့် “ဂရုကံ” ဟူ၍လည်းခေါ်သည်။

ထိုအာနန္တရိယကံသည် -

၁။ မာတုဃာတက ကံ = အမိသတ်မူ

၂။ ပိတုဃာတက ကံ = အဘသတ်မူ

၃။ အရဟန္တဃာတက ကံ = ရဟန္တာသတ်မူ

၎။ လောဟိတုပ္ပါဒက ကံ = ဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုမူ

၅။ သံဃဘေဒက ကံ = သံဃာအသင်းခွဲမူ - အားဖြင့် ( ၅)မျိုးပြားသည်။

မြတ်စွာဘုရားရှင်သည် ပရမတ္ထသစ္စာဖြင့်သာ ဟောကြားမည်ဆိုလျှင် “ခန္ဓာတို့သည် မိဘကို သတ်ကြကုန်၏၊ အာယတနတို့သည် မိဘကို သတ်ကြကုန်၏” စသည်ဖြင့် ဟောကြားရပေလိမ့်မည်။

ယင်းသို့ ဟောကြားခဲ့သော် မည်သူတစ်ဦးတစ်ယောက်တလေမျှ နားလည်နိုင်ကြမည်မဟုတ်ချေ။

ယောက်ျားတို့သည် မိဘကို သတ်ကြကုန်၏၊ မိန်းမတို့သည် မိဘကို သတ်ကြကုန်၏ စသည်ဖြင့် သမ္ပုတိသစ္စာဖြင့် ဟောကြားမှသာ တရားတော်များကို သိရှိနားလည်နိုင်ကြ၍ ထိုအပြစ်များမှ ရှောင်ကြဉ်နိုင်ကြမည် ဖြစ်ပေသည်။

သို့အတွက် လောကတွင် အာနန္တိရိယ ကံငါးပါးကို ကျူးလွန်ကြပါက လောကကြီးပျက်စီးသွားမည်ကို သိစေလိုသောကြောင့် သမ္မုတိသစ္စာဖြင့် ဟောကြားရပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment