ထို့အတူ ပရမတ္တသစ္စာဖြင့်သာ ဟောကြားမည်ဆိုလျှင် -
“ခန္ဓာတို့သည် အလှူခံကုန်၏၊ အာယတနတို့သည် အလှူခံကြကုန်၏” စသည်ဖြင့် ဟောကြားရပေလိမ့်မည်။
ထိုသို့ ဟောကြားပါက မည်သည့်ဝေနေယျမျှ တရားတော်ကို နားလည် သဘောပေါက်နိုင်မည် မဟုတ်သည့်အပြင် အလှူခံပုဂ္ဂိုလ်-အလှူပေးပုဂ္ဂိုလ်ဟူသည် မရှိ၊ ဒါနဟူသည် မရှိ စသည်ဖြင့် တစ်ဖက်စွန်းရောက်သွားနိုင်ပေသည်။
“ရဟန်းတို့သည် အလှူခံကြကုန်၏၊ သာမဏေတို့သည် အလှူခံကြကုန်၏” စသည်ဖြင့် သမ္မုတိသစ္စာဖြင့် ဟောကြားမှသာ နားလည် သဘောပေါက်ကြပေမည်။ ထို့ပြင် အလှူဒါနကုသိုလ်များ ပွားများကာ ကောင်းကျိုးကို ခံစားနိုင်ကြ၍ အလှူဝါဒ ရေးရာမှာ သဘောတရားအမှန်များကို သိလာနိုင်ပေမည်။ ထို့ကြောင့် သမ္မုတိသစ္စာကို ဟောကြားရပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment