Thursday, 3 November 2011

အနတ္တာနုပဿနာရူပုံ

ဤရုပ်တရား(ရူပက္ခန္ဓာ)သည် အလိုသို့မပါ စီမံရာမဖြစ်သောကြောင့် ပြင်ပသူစိမ်းနှင့် တူချေ၏၊ ပညာမဲ့တို့ ကြံဆအပ်သော မြဲခြင်း(ဓုဝ)၊ တင့်တယ်ခြင်း(သုဘ)၊ ချမ်းသာခြင်း(သုခ)၊ အလိုသို့လိုက်ခြင်း အစိုးရခြင်း(အတ္တ)တို့မှ ကင်း၏၊ အနှစ်ကင်းပြီး အချည်းအနှီးသာ ဖြစ်၏၊ ခန္ဓာအိမ်၏ပိုင်ရှင်၊ ခန္ဓာအိမ်ထဲ၌ အမြဲတည်နေသူ၊ ပြုလုပ်တတ်သူ၊ ခံစားတတ်သူ၊ စီမံခန့်ခွဲတတ်သူဟု ထင်မှတ်ရသော အတ္တမှ ကင်းဆိတ်ချေ၏၊ မိမိကိုယ်တိုင်လည်း ခန္ဓာအိမ်၏ပိုင်ရှင်အဖြစ်စသည် မရှိသောကြောင့် အတ္တကောင် မဟုတ်ပေ။ ဤသို့ ဝေဒနာက္ခန္ဓာ အစရှိသည်တို့ကိုလည်း ရူပွားရမည်။

ဖော်ပြခဲ့သည့်အတိုင်း အနိစ္စာနုပဿကို ရူပွားလျှင် မြဲသည်ဟု ထင်မှတ်မူ(နိစ္စသညာ)ကို ပယ်ခွာနိုင်၏၊ ဒုက္ခာနုပဿနာကို ရူပွားလျှင် ချမ်းသာသည်ဟု ထင်မှတ်မူ(သုခသညာ)ကို ပယ်ခွာနိုင်၏၊ အနတ္တာနုပဿနာကို ရူပွားလျှင် အစိုးရသည်ဟု ထင်မှတ်မူ(အတ္တသညာ)ကို ပယ်ခွာနိုင်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

2 comments:

  1. ဘာသာရေးဗဟုသုတတွေဖတ်ခဲ့တယ်နော်

    ReplyDelete
  2. ရောက်လာခဲ့ပါတယ်လိုက်ပြီးဖတ်သွားတယ်...
    ကောင်းပါတယ်......

    ReplyDelete