အနုပဿနာဟူသည် အကြိမ်ကြိမ် အထပ်ထပ် ရူမှတ် သုံးသပ်တတ်သော အသိဉာဏ်ပင်ဖြစ်သည်။ ရုပ် နာမ်တရားတို့၏ မမြဲခြင်း(အနိစ္စ)သဘော၊ ဆင်းရဲခြင်း(ဒုက္ခ)သဘော၊ အစိုးမရ အလိုသို့မလိုက်ခြင်း၊ အတ္တမရှိခြင်း(အနတ္တ)သဘောတို့ကို ထင်ရှားပေါ်လွင်အောင် အထပ်ထပ်ရူခြင်းဟု ဆိုလိုသည်။
ထိုအနုပဿနာသည် -
(၁) အနိစ္စာနုပဿနာ၊
(၂) ဒုက္ခာနုပဿနာ၊
(၃) အနတ္တာနုပဿနာ -
ဟူ၍ သုံးမျိုးရှိပါသည်။
ထိုတွင် အနိစ္စာနုပဿနာဟူသည် မမြဲသော (သုံးဆယ့်တစ်ဘုံအတွင်းရှိ) ရုပ်နာမ် တရားတို့ကို မမြဲမူ(အနိစ္စ) သဘောပေါ်အောင် အကြိမ်ကြိမ် အထပ်ထပ် ရူမှတ်ခြင်းဖြစ်သည်။ ဆင်းရဲအစုဖြစ်သော ရုပ်နာမ်တရားတို့ကို ဆင်းရဲမူ(ဒုက္ခ) သဘောပေါ်အောင် အကြိမ်ကြိမ် အထပ်ထပ် ရူမှတ်ခြင်းသည် ဒုက္ခာနုပဿနာ ဖြစ်သည်၊ အစိုးမရ အလိုသို့ မလိုက်သော ရုပ်နာမ်တရားတို့ကို အစိုးမရမူ၊ အလိုသို့ မလိုက်မူ၊ အတ္တမရှိမူ(အနတ္တ) သဘောပေါ်အောင် အဖန်ဖန် အထပ်ထပ် ရူမှတ်ခြင်းသည် အနတ္တာနုပဿနာဖြစ်သည်။
အနုပဿနာ(၃)ပါး ရူပွားပုံနှင့် စပ်လျဉ်း၍ နည်း(၄၀)ရှိသည့်အနက် ဤ၌ မကျဉ်းမကျယ် သိလွယ်ရုံမျှ ဖော်ပြပါဦးမည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment