ဤရုပ်တရား(ရူပက္ခန္ဓာ)သည် ပျက်ခြင်လျှင် အဆုံးရှိ၏။ ဖြစ်လျှင် ပျက်မြဲ သဘောရှိသောကြောင့် အမြဲမရှိ။ အို၊ နာ၊ သေမူတို့ဖြင့် ပရမ်းပတာ ပျက်စီးတတ်ချေ၏။ လောကဓံရှစ်ဖြာ အို၊ နာ၊ သေမူတို့နှင့် တွေ့ကြုံခံစားရသောအခါ တုန်လူပ်တတ်၏။ သူတပါး လုံ့လ(ပယောဂ)ဖြင့် ဖြစ်စေ။ အလိုအလျှောက်ဖြစ်စေ ပျက်စီးလွယ်၏။ အချိန်အခါမရွေး ပျက်စီးတတ်သောကြောင့် မတည်မြဲ၊ အိုရခြင်း၊ သေရခြင်းတို့ဖြင့် ဖောက်ပြန်တတ်ချေ၏။ အားနည်းချိနဲ့၍ အကာကဲ့သို့ ပျက်စီးလွယ်သဖြင့် အနှစ်သာရမရှိချေ။ တဏှာဒိဋ္ဌိလျှင် ဖြစ်ကြောင်းရှိချေ၏။ ပြုပြင်ပေးရသော သဘောရှိ၏။ သေခြင်းသဘောရှိ၏။ ဤသို့ ရုပ်တရား(ရုပက္ခန္ဓာ)ကို ဖော်ပြပါ အခြင်းအရာတို့ဖြင့် ရူပွားသကဲ့သို့ ဝေဒနာက္ခန္ဓာစသည့် နာမ်ခန္ဓာလေးပါးတို့ကိုလည်း ရူပွားနိုင်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment