မွန်ဂိုလီးယားနိုင်ငံသည် တရုတ်ပြည်နှင့် ဆက်စပ်တည်ရှိနေသော နိုင်ငံဖြစ်၍ ခရစ်နှစ် ၄-ရာစုလောက်မှစ၍ ဗုဒ္ဓဘာသာနှင့် ထိတွေ့မူ ရှိခဲ့သည်။ ၇-ရာစုသို့ ရောက်သောအခါ ဗုဒ္ဓဘာသာသည် နိုင်ငံအနှံ့ ပြန့်လျက်ရှိနေပြီး ဖြစ်ပေသည်။
သို့သော် ၁၄-ရာစု နောက်ပိုင်းတွင် တရုတ်ပြည်ကို မွန်ဂိုလူမျိုးတို့ အုပ်စိုးမူ အဆုံးသတ်သွားသောအခါ မွန်ဂိုလီးယား၌ ဗုဒ္ဓဘာသာ တဖြည်းဖြည်း အားနည်းလာသည်။ ထို့နောက် ၁၇-ရာစုတွင် မွန်ဂိုလီးယားသို့ တိဘက်ဘုန်းကြီးများကြွလာသဖြင့် ဗုဒ္ဓဘာသာ ပြန်လည်အားရှိလာသည်။ မွန်ဂိုလူမျိုးတို့ကလည်း တိဘက် ဗုဒ္ဓဘာသာကို ပို၍ နှစ်သက်စွာ ကိုးကွယ်ခဲ့ကြလေသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment