ပုစ္ဆာ ၀ိသဇ္ဇနာအစုံ၊ အနုလောမပဋိလောမ အစုံ၊ သန္နိဋ္ဌာန် သံသယအစုံ စသော အစုံ အစုံ ဒေသနာ၏ အစွမ်းဖြင့် ဟောပြရာကျမ်းသည် ယမိုက်ကျမ်းမည်၏။
ဤယမိုက်ကျမ်း၌ အသညသတ်ပုဂ္ဂိုလ်အား ခန္ဓာတစ်ပါးဖြစ်၏ စသည်ဖြင့် ပြဆိုသော ပုဂ္ဂလ၀ါရကိုလည်းကောင်း၊ အသညသတ်ဘုံ၌ ခန္ဓာတစ်ပါး၊ ပဉ္စဝေါကာရ (ခန္ဓာငါးပါးရှိသော) ဘုံ၌ ခန္ဓာငါးပါးဖြစ်၏ စသည်ဖြင့် ပြဆိုသော သြကာသ (ဘုံ) ၀ါရကိုလည်းကောင်း၊ အသညသတ် ပုဂ္ဂိုလ်အား အသညသတ်ဘုံ၌ ခန္ဓာတစ်ပါး ဖြစ်၏ စသည်ဖြင့် ပြဆိုသော ပုဂ္ဂလောကာသ၀ါရ(ပုဂ္ဂိုလ် + ဘုံ)ကို လည်းကောင်း ဟောပြတော်မူသည်။
သို့ဖြစ်၍ ယင်းယမိုက်ကျမ်းသည် သြကာသလောကဟူသော ဘုံ၊ သတ္တ လောကဟူသော ပုဂ္ဂိုလ်နှင့် သင်္ခါရလောကဟူသော ခန္ဓာ၊ အာယတနစသည်ကို ဟောပြသော ကျမ်းဖြစ်သည်။
ထို့ကြောင့် ဤယမိုက်ကျမ်းကိုလည်း သြကာသလောက၊ သတ္တလောက ဟူသော သမ္မုတိသစ္စာနှင့် သင်္ခါရလောကဟူသော ပရမတ္ထသစ္စာနှစ်ပါးလုံးကို ဟောတော်မူသည့် ကျမ်းဟုပင် ဆိုသင့်ပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment