Wednesday, 7 March 2012

ငါးကြင်းအရိုးပျောက်ပေါင်း (၀ိုက်ဖီ)


ငါးကြင်းအရိုးပျောက်ပေါင်းဟင်း ချက်ပေးဖို့ တောင်းဆိုလာတဲ့ ပရိသတ်တစ်ဦးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပါတယ်။ ငါးကို အရိုးကြောက်လို့ မစားကြသူတွေအတွက် ငါးကြင်းအရိုးပျောက်ပေါင်းက အဆင်ပြေစေပါလိမ့်မယ်။

လိုအပ်တာကတော့ ငါးကြင်းအကောင်းကြီး ခုတ်သား ၃၀-ကျပ်သား၊ စပါးလင်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ရှောက်သီးတို့ပဲ ဖြစ်ပါတယ်။

ငါးကြင်းအကောင်ကြီးသားကို အကွင်းလိုက်လေးတွေ အနေတော်လှီးပြီး ဆား၊ နနွင်း၊ ဟင်းခတ်မူန့်နဲ့အတူ ရှောက်သီး တစ်စိတ်အရည်ညှစ်ထည့်ပြီး နယ်ပါမယ်။ ကြက်သွန်ဖြူနီ၊ ငရုတ်သီးအနီပွတောင့်နဲ့ စပါးလင်တို့ကိုလည်း တစ်ခါတည်း ထောင်းထည့်ပါ။ အရောင်အတွက် ပဲငံပြာရည်အနောက် (ကြာညို့)ကိုပါ ထည့်နယ်ပြီး ဟင်းပေါင်းအိုးထဲကို ငါးမြုပ်အောင်ရေထည့် ဆီအနည်းငယ်ထည့်ပြီး မီးဖိုပေါ်မှာတည်လိုက်ရုံပါပဲ။

ဟင်းပေါင်းအိုးနဲ့ တစ်ရေခန်းခါနီးမှာ ကြက်သွန်နီ အလုံးအသေးလေးတွေကို မစိတ်တော့ဘဲ အလုံးလိုက်အပေါ်ယံကနေ ထည့်ပါမယ်။ အချိုဓာတ်အတွက်နဲ့ အနှစ်ရဖို့အတွက်ပါ။ နောက် ၅မိနစ်လောက်နေရင် ရေလည်းခန်း၊ ဆီလည်းပြန်၊ ကြက်သွန်လည်း နူးသွားပြီမို့ အရိုးပျောက်ပေါင်းတဲ့ ငါးကြင်းပေါင်းရပြီပေါ့။

တကယ်လို့ ငါးကြင်းမဟုတ်ဘဲ ဈေးနည်းနည်း သက်သာတဲ့ ငါးမြစ်ချင်းကို ပေါင်းချင်တယ်ဆိုရင်လည်း ပေါင်းလို့ရပါတယ်။

No comments:

Post a Comment