Wednesday, 21 March 2012

ဒုက္ခအဆင့်


ယောဂီဟာ ဒီအချက်ကိုပိုပြီး ရှင်းလင်းနားလည်လာပြီးတော့ အနတ္တပါလား ငါမဟုတ်ပါလားလို့ ခန္ဓာကိုယ်အတွင်းမှာ လက်တွေ့ သိရှိခံစားရတဲ့အခါကျတော့ ငါဆိုတဲ့အစွဲဟာ ပြိုကွဲစဖြစ်လာပြီး တဖြည်းဖြည်း တဖြည်းဖြည်း အားလုံးပျောက်ကွယ်သွားကြပါလိမ့်မယ်။ ငါအစွဲမရှိတော့ပါဘူး...လို့ဆိုတော့ ယောဂီရဲ့ စိတ်ကိုပိုပိုပြီးတော့ တည်ငြိမ်မူ မျှတမူတွေ ဖြစ်လာပါလိမ့်မယ်။


အဲဒီအခါကျတော့ ပညာရဲ့ တတိယအဆင့်ဖြစ်တဲ့ ဒုက္ခဆင်းရဲခင်းပါလားဆိုတဲ့ ဒီအသိဟာ ပေါ်ပေါက်လာပါလိမ့်မယ်။ စိန္တာမယ ဦးနှောက်အသိမျိုး မဟုတ်ပါဘူး။ တကယ်အစစ်အမှန် ကိုယ်တွေ့သိရှိပြီး ခံစားပြီးသိရတဲ့အသိ ဖြစ်ပါတယ်။ ဒီတကယ့် အသိ ဘာဝနာမယဉာဏ် အသိပညာဟာ ယောဂီတို့ ကိုယ်ခန္ဓာအတွင်းမှာ ခံစားတွေ့ထိပြီး သိရှိနေရတဲ့ ဝေဒနာနဲ့ ယှဉ်တွဲနေရပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment