Wednesday, 7 March 2012

ငါးငါးပေါင်းကြော် (၀ိုက်ဖီ)

သည်တစ်ခါမှာ အပျော်စာ အကြော်လေးပဲ စီစဉ်ထားပါတယ်။ စားနေကျ အကြော်ပုံစံမျိုးစုံတွေထဲကမှ ငါးကြင်းဖြူနဲ့ ကြက်သွန်နီ တွဲဖက်ပြီးကြော်တဲ့ ငါးငါးပေါင်းကြော်နည်းလေးကို ပြောပြပါရစေ။ ငါးငါးပေါင်းကြော်အတွက် ငါးကြင်းဖြူ အသားလွှာ ၁၀ကျပ်သား ချင်းနဲ့ စပါးလင်၊ ကြက်သွန်နီ၊ ရွှေလိပ်ပြာအကြော်မူန့်တို့ပဲလိုပါတယ်။
ငါးကြင်းဖြူဝယ်တဲ့အခါ ဗိုက်အသားကိုပဲ လွှာပြီးဝယ်ပါ။ ၀ယ်ပြီးသား အသားလွှာကို အိမ်ရောက်မှ ပါးပါးလေးတွေလှီးပြီး ဆား နနွင်း နယ်ထားပေးပါ။ ချင်း၊ ကြက်သွန်ဖြူနဲ့ စပါးလင် ညက်နေအောင် ထောင်းထားတာကိုလည်း ငါးထဲကိုထည့်နယ်ပြီး နှပ်ထားပါ။ ကြက်သွန်နီကိုလည်း ပါးပါးလှီးထားပါ။ စကြော်တော့မယ်ဆိုရင်တော့ နယ်ထားတဲ့ ငါးအသားပြားသေသေးလေးတွေရယ်၊ ကြက်သွန်နီရယ်ကို မုန့်နစ်ထဲ ရောနယ်လိုက်ပြီးမှ ဆီပူထဲကို အရွယ်တော် အပြားလေးတွေ ၀ိုင်းထည့်ကြော်ပါမယ်။ မုန့်နှစ် အ၀ိုင်းလေးတွေလုပ်တဲ့အခါ တစ်ခုချင်းစီမှာ ငါးနဲ့ကြက်သွန်နီမျှမျှတတပါအောင်ထည့်ဖို့လိုပါတယ်။

ငါးငါးပေါင်းကြော်လေးတွေရပြီဆိုရင်တော့ အကြော်ပူပူလေးနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် မန်ကျည်းချဉ်ရည်လေးနဲ့ တွဲဖက်စားသုံးမယ်ဆိုရင် ကြက်သွန်အချိုနဲ့ လတ်ဆတ်တဲ့ ငါးကြင်းအရသာချိုချိုက တစ်ကယ့်ကို ခံတွင်းတွေ့စေမှာ ဖြစ်ပါတယ်။

No comments:

Post a Comment