
ခြေစွယ်ငုပ်ခြင်းမှာ ဒေါက်မြင့်ဖိနပ်များ စီးခြင်းကြောင့် ဖြစ်ပေါ်သည့် အဓိကပြဿနာဖြစ်ကြောင်းနှင့် ခြေချောင်းလေးများအား အတူတကွပူးကပ်နေခြင်း များလာသောအခါ ခြေမကဲ့သို့ ခြေချောင်းမှ ခြေသည်းများအတွင်းသို့ ငုပ်ဝင်သွားကြောင်း လိုယိုလာတက္ကသိုလ်မှ ခြေထောက်နှင့် ခြေချောင်းဆေးပညာပါမောက္ခ ရော့ဒနီစကပ်ကပြောသည်။
“ခြေစွယ်ငုပ်တာဟာ အလွန်နာကျင်တက်ပါတယ်။ ဒါပေမယ့်လည်း အဲဒီအဆင်မပြေမူကို သည်းခံပြီး အမျိုးသမီးတွေက ဒေါက်မြင့်ဖိနပ်တွေ ဆက်စီးနေကြပါတယ်”ဟု ပါမောက္ခကြီးက ကြေညာချက်တွင် ဖော်ပြသည်။ ယင်းကို မကုသဘဲထားပါက ခြေသည်းများ လုံးဝပျက်စီးသွားနိုင်ကြောင်း ၎င်းကပြောသည်။
ခြေစွယ်ငုပ်ခြင်းမှ ကာကွယ်ရန် အကြံပေးချက်များတွင် မိမိ၏ ဖိနပ်ဟောင်းများကို ကတ်ထူစက္ကူဖြင့်တိုင်း၍ ဖိနပ်အသစ်ဝယ်ခြင်း၊ အလွန်ကျပ်သော အသားကပ်ခြေအိတ်များကို မ၀တ်ဆင်ခြင်း၊ ဒေါက်မြင့်ဖိနပ် စီးချိန်ကို လျှော့ချခြင်း၊ ဒေါက်မြင့်ဖိနပ်စီး၍ အချိန်ကြာမြင့်စွာ မတ်တတ်ရပ်ခြင်းနှင့် လမ်းလျှောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ခြေသည်းများကို ညီညီညာညာ တိဖြတ်ခြင်း၊ ခြေချောင်းများကို ပိုးသတ်ဆေး အနည်းငယ်ပါသော ရေဖြင့် ဆေးကြောခြင်းတို့ ပါဝင်သည်။
အီလီနွိုက်၊ ဖေဖော်ဝါရီ - ၂၈ (7day News) Vol.11, No.1. MARCH 8,2012
No comments:
Post a Comment