Thursday, 8 March 2012

ဂျပန်ထမင်းလိပ်များတွင် အီးကိုလိုင်ပိုးနှင့် အခြားပိုးများ တွေ့ရှိ

http://api.ning.com/files/-4rDNgiY5AOLlDCm1ikfdAHViD0OtoJVj2B4MV5o6A6N-m6WpT55RracHpmE6TvpI93yvoXtZMVALFDc9EkMulkDTUmjRaxV/Sushi2.jpghttp://api.ning.com/files/YFoQEid-uZ-AFPJ2LslNOmhoqq4wDtejaVhdC7ZrqcpHlUwScvah2UTdgYmIM*Qhw*f7i*Tox7qIs3IZOPk3oDU5BS5lxcaI/E1.jpghttp://api.ning.com/files/qZ2hmXcpRS4t8vg*mKq4v6kGfeeGW8iQRw9QrfERBr4oRi0-qf83KrNobjjuJGvWM6tcAsUW10EaGWJ-1rKtpjCZBV3obGFJ/E2.jpg

အဆိုပါသုတေသနအား စားသောက်ဆိုင်ကြီးများ၊ ထမင်းလိပ်သီးသန့်ရောင်းသော ကောင်တာများ၊ အစားအသောက်ရောင်းသော စူပါမားကက်များမှ ၀ယ်ယူ၍ ဘက်တီးရီးယားပိုး ပါဝင်မူကို လေ့လာခဲ့ခြင်းဖြစ်သည်။


အဆိုပါသုတေသနတွင် စူပါမားကက်များ၌ ရောင်းချသည့် ထမင်းလိပ်များသည် သန့်စင်မူ အားနည်းပြီး အီးကိုလိုင်ရောဂါပိုး ပါဝင်မူများပြားကာ ပင်လယ်စာများပါဝင်သော ထမင်းလိပ်များ အထူးသဖြင့် ၀က်ပေါင်ခြောက်ကဲ့သို့ ပြုပြင်ထားသည် အသားများပါဝင်သော ထမင်းလိပ်များတွင် အီးကိုလိုင်ပိုးမွှား ပမာဏမြင့်မားစွာ ပါဝင်နေကြောင်း ဆေးသုတေသနဦးစီးဋ္ဌာန (အောက်မြန်မာပြည်၊ ဆေးတက္ကသိုလ် - ၁၊ ရန်ကုန်)မှ ပညာရှင် ရှစ်ဦးတို့က သုတေသနပြုထားသည်။


ထမင်းလိပ်တွင် ထည့်သွင်းအသုံးပြုသည့် ပစ္စည်းများသန့်ရှင်းမူ အားနည်းခြင်း၊ ပြင်ဆင်ရာတွင် သန့်ရှင်းမူမရှိခြင်းစသည့် အကြောင်းအရာများကြောင့် ပိုးများပါဝင်ပြီး သိုလှောင်ရောင်းချသည့်နေရာတွင် ပိုးမွှားများ မပေါက်ဖွားစေရန် လုံလောက်သော အအေးဓာတ် မရှိခြင်းကလည်း ပိုးများပါဝင်မူ များပြားခြင်း၏ အကြောင်းရင်းများဖြစ်ကြောင်း သုတေသနပြုလုပ်ခဲ့သူ ပညာရှင်တစ်ဦးကပြောသည်။


သုတေသနတွင် အီးကိုလိုင်မျိုးစိတ်များ EAEC သည် ၄၀-ဒသမ ၆-ရာခိုင်နူန်း၊ EIEC သည် ၂၇-ရာခိုင်နူန်း၊ EPEC သည် ၂၅-ရာခိုင်နူန်း၊ EHEC သည် ၅-ရာခိုင်နူန်းနှင့် ETEC ၁-ဒသမ ၆-ရာခိုင်နူန်း အသီးသီး ပါဝင်နေပြီး အခြား Staphylococcus aureus နှင့် Bacillus cereus ပိုးမွှားများလည်း ပါဝင်ကြောင်းသိရသည်။


ထမင်းလိပ်များတွင် ပိုးများပါဝင်မူ နည်းပါးစေရန် သန့်ရှင်းမူကို အလေးပေးခြင်းနှင့် လုံလောက်သော အအေးပေးစနစ်များ အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။


အီးကိုလိုင်ရောဂါပိုးသည် ခန္ဓာကိုယ်အတွင်း ရောက်ရှိသွားပါက ၀မ်းလျှော်ခြင်း၊ အန်ခြင်းအပြင် အသက်ပါသေဆုံးစေသည့် ရောဂါများ ဖြစ်ပွားစေနိုင်သည်အထိ အန္တရာယ်ကြီးမားကြောင်း ကျွမ်းကျင်ဆရာဝန်များကလည်း သတိပေးပြောကြားထားသည်။


ဝတ်ရည်အောင်၊ ရန်ကုန်၊ မတ်-၃ (7day News Jorunal) Vol.11, No.1. MARCH 8,2012

No comments:

Post a Comment